သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယား တာဝေးဒုံးကျည် စမ်းသပ်ဖို့ အစီအစဉ် ကန် ကန့်ကွက်


မြောက်ကိုရီယား တာဝေးဒုံးကျည် စမ်းသပ်ဖို့ အစီအစဉ်။
မြောက်ကိုရီယား တာဝေးဒုံးကျည် စမ်းသပ်ဖို့ အစီအစဉ်။

မြောက်ကိုရီးယားအနေနဲ့ အာကာသထဲ တာဝေးပစ်ဒုံးယာဉ်တစင်း ပစ်လွှတ်ဖို့ စီစဉ်ထားတာကို ပယ်ဖျက်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့အတူ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ဒီ ဒုံးယာဉ် ပစ်လွှတ်မယ့် အစီအစဉ် ဟာ တာဝေးပစ် ဒုံးကျည်တွေနဲ့ န ျူ ကလီးယား လက်နက်တွေ စမ်းသပ်တာမလုပ်ဖို့ မြောက်ကိုရီးယားအပေါ် ပိတ်ပင်ကန့်သတ်ထား တဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာကျမယ်ဆိုပြီး ပြောနေကြတာပါ။

ကမ္ဘာမြေစူးစမ်းလေ့လာရေး ဂြိုဟ်တုလို့ဆိုတာကို ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၂၅ ရက်အတွင်း ပစ်လွှတ်မယ်ဖို့ စီစဉ်ထားတယ်ဆိုတာ ကုလသမဂ္ဂ အေဂျင်စီတွေကို မြောက်ကိုရီးယားက အင်္ဂါနေ့နှောင်းပိုင်းမှာ အကြောင်းကြား အသိပေးခဲ့တာပါ။

သူတို့အနေနဲ့ ဒုံးယာဉ်တွေပစ်လွှတ်ပြီးတော့ အာကာသဆိုင်ရာအစီအစဉ်ကို လုပ်ခွင့်ရှိတယ်လို့ မြောက်ကိုရီးယားက အခိုင်အမာ ပြောနေပါတယ်။ ဒါပေမဲ့လည်း ဒီအစီအစဉ်ဟာ နိုင်ငံတကာက ကန့်သတ်ထားတာတွေကို ရှောင်ဖို့ရည်ရွယ်တဲ့ ဖုံးကွယ်ထားတဲ့ အစီအစဉ်ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို့ အဘဲ့နဲ့ အမေရိကန်ရဲ့ တခြားမဟာမိတ်နိုင်ငံတွေက ပြစ်တင်ဝေဖန်ထားတာပါ။

မြောက်ကိုရီးယားက လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်ချက်ကို ဇန်နဝါရီလ ၆ ရက်နေ့က လုပ်ထားပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလက သုံးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုလုပ်ပြီး သိပ်မကြာခင်မှာပဲ တာဝေးပစ်ဒုံးယာဉ်တစင်းကို မြောက်ကိုရီးယားက ပစ်လွှတ် စမ်းသပ်ခဲ့ပါတယ်။

အခု ဒုံးယာဉ်ပစ်လွှတ်မယ့်အစီအစဉ်ကို ဆက်လုပ်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ရင်ဆိုင်ရမယ်လို့ တောင်ကိုရီးယားက မြောက်ကိုရီးယားကို သတိပေးထားပါတယ်။

XS
SM
MD
LG