သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် မူဆလင်မ်ရေးရာ ကိုယ်စားလှယ် မြန်မာနိုင်ငံခရီး


ရန်ကုန် ဗလီကျောင်းတကျောင်းတွင်း ရာမာဒန် ဥပုသ်ထွက် ဝတ်ပြုဆုတောင်းနေစဉ် (၀၈၊ ၃၁၊ ၂၀၁၁။)
ရန်ကုန် ဗလီကျောင်းတကျောင်းတွင်း ရာမာဒန် ဥပုသ်ထွက် ဝတ်ပြုဆုတောင်းနေစဉ် (၀၈၊ ၃၁၊ ၂၀၁၁။)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန မူဆလင် လူ့အဖွဲ့အစည်းဆိုင်ရာ အထူးကိုယ်စားလှယ် မစ်္စဖာရာပန်ဒစ်သ် (Farah Pandith) ဟာ မြန်မာနိုင်ငံကို ဇူလိုင်လ (၂၈) ရက်နေ့ကနေ သြဂုတ်(၁) ရက်နေ့အထိ သွားရောက်ခဲ့တယ်လို့ သြဂုတ်လ (၃) ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ မစ္စပန်ဒစ်သ်ဟာ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေရဲ့ ဘာသာရေး အဖွဲ့အစည်းတွေ၊ ရိုဟင်ဂျာအဖွဲ့အစည်းတွေ၊ လူငယ် အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ပြည်တွင်းနဲ့ နိုင်ငံ တကာ လူမှုရေး အဖွဲ့အစည်းတွေနဲ့ သာသနာရေး ပြည်ထောင်စုဝန်ကြီးနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ပြောဆိုခဲ့ ပါတယ်။

မြန်မာနိုင်ငံထဲက မူဆလင်အဖွဲ့အစည်းတွေနဲ့ ပညာရေး၊ တရားဥပဒေ စိုးမိုေးရးနဲ့ စီးပွားရေး လုပ်ဆောင်နိုင်မှု အခွင့်အလမ်းတွေ အပါအဝင် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေကို လူငယ်တွေနဲ့ အဓိကထားပြီး ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဇူလိုင်လ (၃၀) ရက်နေ့က ရန်ကုန်မြို့အမေရိကန်သံရုံးက အစ်ဖ်တာ (Iftar) အစ္စလမ်ဘာသာရေးပွဲ အပါအဝင် မူဆလင်တွေရဲ့ ရာမာဒန် (Ramadan) ဥပုသ်ကာလ ဘာသာရေး စီစဉ်ဆောင်ရွက်မှုတွေ မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန မူဆလင် လူ့အဖွဲ့အစည်းဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စဖာရာပန်ဒစ်သ် က ပါဝင်ဆင်နွဲှခဲ့တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG