သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာသနာရေး ဝန်ကြီးကို အရေးယူ


သာသနာရေးဝန်ကြီး တာဝန်မှ ရပ်စဲ ( Photo Credit to သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဋ္ဌေး FB)
သာသနာရေးဝန်ကြီး တာဝန်မှ ရပ်စဲ ( Photo Credit to သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဋ္ဌေး FB)
လုပ်ကိုင်ဆောင်ရွက်ချက်တွေမှာ ချို့ယွင်း အားနည်းချက်တွေရှိတယ်၊ မဟာ သန္တိသုခ အရေးမှာ သမ္မတက မှာကြားထားတာထက် ဘောင်ကျော် လုပ်ကိုင်တာတွေ ရှိတယ် စတဲ့ အချက်တွေကြောင့် သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို မလွဲမရှောင်သာ အရေးယူခဲ့ရတယ်လို့ အစိုးရ အဖွဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ အသေးစိတ်ကို ကိုငြိမ်းချမ်း ကပြောပြပါမယ်။

လုပ်ကိုင်တာ ချို့ယွင်း အားနည်းချက်တွေရှိတယ်၊ မဟာ သန္တိသုခ အရေးမှာ သမ္မတက မှာကြားထားတာထက် ဘောင်ကျော် လုပ်ကိုင်တာတွေ ရှိတယ် စတဲ့ အချက်တွေကြောင့် သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို မလွဲမရှောင်သာ အရေးယူခဲ့ရတယ်လို့ အစိုးရ အဖွဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

" ဦးဆန်းဆင့် အနေနဲ့ ခုနက ကျနော်ပြောတဲ့ အဓိက မူဝါဒ နှစ်ခုအပေါ်မှာ လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ ချို့ယွင်းချက် အားနည်းချက်တွေ အများကြီးရှိတယ်။ ဒါတွေကြောင့် တာဝန်က ရပ်စဲလိုက်ရတာဖြစ်တယ်။ သန္တိသုခ ကိစ္စကလည်း အကြောင်းတစ်ချက် အပါအဝင်ပေါ့။ တစ်ချို့ကဆိုရင် သမ္မတကြီး မှာကြားတဲ့ ဟာတွေကို ကျော်လွန်ပြီးတော့ လုပ်လိုက်တယ်ဆိုတဲ့ သဘောမျိုးတွေရှိတယ်။ ဒါ့ကြောင့်မို့လို မလွှဲမရှောင်သာ အခုလို အရေးယူဆောင်ရွက်လိုက်ရတာ။"

ဦးဆန်းဆင့်ဟာ သာသနာရေး ဝန်ကြီးဌာန ပိုင်ငွေ တွေကို မိသားစုပိုင် ငွေအဖြစ် လှူ ဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးက ရဲစခန်း မှာ အမှုဖွင့် တိုင်ကြားထားတယ် လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အဲ့ဒီလို အရေးယူထားတဲ့ ဆိုတဲ့ သတင်းတွေ အပေါ် မန္တလေးက စာနယ်ဇင်းသမားတစ်ဦးဖြစ်တဲ့ ဦးကျော်ရင်မြင့်က အရေးယူရင် အပြစ်ရှိသမျှ အကုန်လုံးကို ဖော်ထုတ်အရေးယူပါ။ ဟိုတစ်ကွက် ဒီတစ်ကွက် ကွက်ပြီး အရေးမယူပါနဲ့ လို့ ပြောပါတယ်။

" သန္တိသုခ ကိုင်တွယ်တာနဲ့ပဲ အရေးယူပါ။ အခုနက သိန်းတစ်ရာက ရမယ်ရှာပြီး အရေးယူတာလား။ အဲ့ဒီလို ကျနော်က မြင်ပါတယ်။ သိန်းတစ်ရာပဲ လုပ်လုပ် သိန်းတစ်ထောင်ပဲ လုပ်လုပ် သိန်းတစ်သောင်း ပဲလုပ်လုပ် အလွဲသုံးစားလုပ်ရင် အလွဲသုံးစားလုပ်တာပါပဲ။ အဲ့ဒီတော့ အလွဲသုံးစားလုပ်တာအတွက်လည်း အရေးယူပါ။ စီမံခန့်ခွဲလုပ်တာ လွဲမှားမှုရှိတာဆိုလို့ရှိရင်လည်း အဲ့ဒီဟာကိုလည်း အရေးယူပါ။ ကျနော်ကတော့ အပြစ်ရှိရင် ရှိတာတွေအားလုံးကို အရေးယူစေချင်ပါတယ်။ ဟိုဟာကို မကြိုက်လို့ ဒီဟာလေးကို မွေးထားပြီး အရေးယူတာမျိုးတော့ မဖြစ်စေချင်ပါဘူးဗျာ။"

အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေ ရဲ့ အကျင့်ပျက်ခြစားမှုတွေ အတွက် သူမှာ သက်သေအထောက်အထားတွေ ရှိတယ် ဆိုတဲ့ ဦးဆန်းဆင့် ရဲ့ ပြောဆိုခဲ့တယ် ဆိုတဲ့ အချက်အပေါ် မှာလည်း အခုလို မှတ်ချက်ပေးပါတယ်။

" ဦးဆန်းဆင့်အနေနဲ့လည်း ကျနော့် အမြင်အရ။ ရှိတယ်ဆိုရင်လည်း အဲဒါကို ဝှက်ဖဲတစ်ခုကို ကိုင်ထားမယ့်အစား တိုင်းပြည်ကို တကယ်ချစ်ကြတဲ့လူတွေ တကယ်လုပ်ကြတဲ့လူတွေ ဆိုလို့ရှိရင် သိရင်သိတာနဲ့ လိုအပ်ရင်လိုအပ်သလို သူတို့တည့်မတ်အရေးယူအောင် ဆောင်ရွက်ပေးဖို့ ဦးဆန်းဆင့်မှာ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ ထပ်ပြီး အရေးယူရအုန်းမယ်ဆိုရင်တော့ အဲဒီ တာဝန်ကွက်ပျက်မှု အတွက်ပါ အရေးယူသင့်တယ်လို့ ကျနော် မြင်ပါသေးတယ် ခင်ဗျ။

ဦးဆန်းဆင့်ဟာ သာသနာရေး ဝန်ကြီး အဖြစ် မထမ်းဆောင်ခင် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
XS
SM
MD
LG