သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဗျာဆရာကြီး Neruda သေဆုံးမှု ပြန်လည် စစ်ဆေးမည်


နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ချီလီနိုင်ငံသား ကဗျာဆရာကြီး ပဘလို နီရူးဒါး (Pablo Neruda) ရဲ့ ကြွင်းကျန်တဲ့ ရုပ်အလောင်းကို ပြန်လည် စစ်ဆေးဖို့ တူးဖော်ခဲ့ပါတယ်။

ချီလီနိုင်ငံက အာဏာရှင် အော်ဂတ်စ်တို ပီနိုချေး (Augusto Pinochet) လက်ထက်မှာ သူဟာ အဆိပ်ခတ် ခံခဲ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်အပြီး အခုလို ပြန်လည် တူးဖော်တာပါ။

လက်ဝဲယိမ်း ကဗျာဆရာကြီး နီရူးဒါး ဟာ ဆီးကြိတ် ကင်ဆာကြောင့် ကွယ်လွန်ခဲ့တယ်ဆိုပြီး အများက ယုံကြည်ထားခဲ့ကြပါတယ်။ ၁၉၇၃ ခုနှစ် စစ်အာဏာ သိမ်းမှုဖြစ်ပွားပြီး ၁၂ ရက်အကြာမှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအာဏာသိမ်းမှုအတွင်း ဆိုရှယ်လစ် သမ္မတ ဆာဗာဒေါ အယ်လ်လန် (Salvador Allende) ဖြုတ်ချခံခဲ့ရပြီး ဗိုလ်ချုပ်ကြီး ပီနိုချေး အာဏာရလာခဲ့ပါတယ်။

ကဗျာဆရာကြီး နီရူးဒါး ရဲ့ ကားမောင်းသမား အနှစ် ၄၀ ကြာ တောင်းဆိုမှုအပြီး ၂၀၁၁ ခုနှစ်အတွင်းမှာ တရားရေး အာဏာပိုင်တွေက ဒီကိစ္စနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ ဆောင်ရွက်လာတာပါ။

ပီနိုချေး အာဏာရှင်အစိုးရကနေ ခိုင်းစေတဲ့သူတွေက အဆိပ်ခတ်ခဲ့တာဖြစ်တယ်ဆိုပြီး ကားမောင်းသမားက ပြောဆိုခဲ့ပါတယ်။ တွေ့ရှိတဲ့ စုံစမ်းစစ်ဆေးချက်တွေနဲ့ ပတ်သတ်ပြီး အနည်းဆုံး ၃ လ ကြာမြင့်မှာ ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်မှာ ကဗျာဆရာကြီး ပဘလို နီရူးဒါး (Pablo Neruda) ဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။ ချီလီနိုင်ငံသားတွေနဲ့ တောင်အမေရိက သမိုင်းနဲ့ ပတ်သတ်ပြီး ရေးဖွဲ့ထားတဲ့ ကန်တို ဂျန်နရယ် အချစ်ကဗျာတွေနဲ့ သမိုင်းရာဇဝင် နောက်ခံ ကဗျာတွေကြောင့် သူဟာ ထင်ရှားခဲ့တာပါ။
XS
SM
MD
LG