သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတအမေရိကန်ခရီးစဉ် Republican တွေဝေဖန်


Wisconsin ပြည်နယ် အုပ်ချုပ်ရေးမှူး Scott Walker
Wisconsin ပြည်နယ် အုပ်ချုပ်ရေးမှူး Scott Walker

တရုတ်နိုင်ငံက ယွမ်ငွေတန်ဖိုး ချလိုက်တဲ့ နောက်ဆက်တွဲအဖြစ် ကမ္ဘာ့အစုရှယ်ဈေးတွေ တဟုန်ထိုး ကျသွားနေတဲ့ အချိန်မှာပဲ မကြာခင် အမေရိကန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင်းပင်အပေါ် အမေရိကန်နိုင်ငံက ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းတွေက ဝေဖန် ပြောဆိုမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။

ရှေ့လအတွင်း သမ္မတ ရှီကျင်းပင် အမေရိကန်ကို နိုင်ငံတော် ဧည့်သည်တော်အဖြစ် လာရောက်မယ့်အစီအစဉ်နဲ့ အိမ်ဖြူတော်မှာ ကျင်းပဖို့ရှိတဲ့ ညစာစားပွဲတွေကို ဖျက်ပေးဖို့ Wisconsin ပြည်နယ် အုပ်ချုပ်ရေးမှူး Scott Walker က တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ တခြား ကမ္ဘာ့နိုင်ငံတွေနည်းတူ အမေရိကန် ပြည်ထောင်စုရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့ အချိန်တန်ပြီဖြစ်ကြောင်း၊ လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာဟာ တရုတ်နိုင်ငံဖက်က အမေရိကန်ကို လေးစားမှု မပြတဲ့အတွက် ဖြစ်ကြောင်း တနင်္လာနေ့က အစုရှယ်ယာ အညွန်းကိန်းတွေ သိသိသာသာ ကျဆင်းနေတဲ့ အချိန်မှာပဲ မစ္စတာ Walker က ပြောကြားလိုက်တာပါ။

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Susan Rice က တရုတ်နိုင်ငံကို အခုသီတင်းပတ် နှောင်းပိုင်း သွားရောက်ပြီး အကြောင်းအရာ အတော်များများကို တရုတ်အရာရှိတွေနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့အချိန်မှာ သမ္မတလောင်းအဖြစ် အရွေးခံဖို့ ပြင်ဆင်နေတဲ့ Wisconsin ပြည်နယ် အုပ်ချုပ်ရေးမှူး Scott Walker က ပြောကြားလိုက်တာပါ။

XS
SM
MD
LG