သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican ဒု သမ္မတလောင်းကို ပြိုင်ဘက်ကောင်းအဖြစ် အိုဘားမားကြို


ရီပတ်ဘလီကင်သမ္မတကိုယ်စားလှယ်လောင်း Mitt Romney (ဝဲ) နဲ့ ဒု-သမ္မတလောင်း Paul Ryan(ယာ)
ရီပတ်ဘလီကင်သမ္မတကိုယ်စားလှယ်လောင်း Mitt Romney (ဝဲ) နဲ့ ဒု-သမ္မတလောင်း Paul Ryan(ယာ)
ရှေးရိုးစွဲဝါဒီတွေ ကျောထောက်နောက်ခံပေးထားတဲ့ လွှတ်တော်အမတ် Paul Ryan ကို ရီပတ်ဘလီကဲန်ပါတီရဲ့ သမ္မတလောင်း Mitt Romney က ရွေးချယ် ကြေညာခဲ့ပါပြီ။ Paul Ryan ဟာ အသက် ၂၈ နှစ်ကတည်းက အောက်လွှတ်တော်အမတ်ဖြစ်လာခဲ့ပြီး ၇ ကြိမ်ဆက်တိုက် အရွေးခံထားရသူ (၁၄) နှစ်ကြာ ဝါရင့် နိုင်ငံရေးသမားဖြစ်သလို လက်ရှိမှာလည်း အောက်လွှတ်တော်ရဲ့ ရ/သုံးမှန်းခြေငွေစာရင်း ကော်မီတီရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ ငယ်ရွယ်ထက်မြက်သူ Paul Ryan ကို သမ္မတ Obama က ယှဉ်ပြိုင်ဘက်ကောင်းတယောက်အဖြစ် ကြိုဆိုကြောင်းပြောပါတယ်။

နိုင်ငံအနှံ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း ရီပတ်ဘလီကန်ပါတီနဲ့ အာဏာရ ဒီမိုကရက်ပါတီတို့ရဲ့ အပြန်အလှန် စကားစစ်ထိုးပွဲတွေ စတင်နေတဲ့အကြောင်း ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာအဖြစ် ဦးရော်နီညိမ်းက မမိုးဖြူနဲ့အတူ စုစည်းတင်ပြထားပါတယ်။
XS
SM
MD
LG