ရီပတ်ဘလစ်ကင် ပါတီ သမ္မတလောင်း Mitt Romney ဟာ ဒေသစံတော်ချိန် ကြာသပတေးနေ့ ညဖက်မှာ သူ့ပါတီကနေ သမ္မတလောင်းအဖြစ် သူ့ကို အမည်စာရင်း တင်သွင်းတာကို လက်ခံယူတဲ့ မိန့်ခွန်းပြောတဲ့အခါ အမေရိကန်ပြည်ထောင်စုရဲ့ ကတိကို ပြန်လည် တည်ဆောက်သွားဖို့ ကတိပြုမှာဖြစ်ပါတယ်။ ရီပါဘလစ်ကင် ပါတီညီလာခံမှာ ပြောမယ့် အဲ့ဒီ့မိန့်ခွန်းဟာ မစ္စတာ Romney ရဲ့ ဘဝနဲ့ ဆိုင်တဲ့ မိန့်ခွန်းဖြစ်လိမ့်မယ်လို့ သူ့ရဲ့လက်ထောက်တွေက ပုံဖော်ပြောဆိုနေကြပါတယ်။
မဲဆန္ဒရှင်တွေနဲ့ ပိုပြီး နီးစပ်နိုင်ဖို့အတွက် ကိုယ့်ကိုကိုယ် ပိုပြီး ပုံဖော်ဖို့ သူ့ရဲ့နိုင်ငံရေး မဟာမိတ်တွေက တိုက်တွန်းထားတာပါ။ အမေရိကန်ပြည်ထောင်စုကို အောင်မြင်စေချင်တဲ့အတွက် သမ္မတအိုဘားမား အောင်မြင်ဖို့ သူဆန္ဒပြုပေမယ့် သမ္မတအိုဘားမားရဲ့ ကတိတွေဟာ စိတ်ပျက်လက်ပျက်ဖြစ်ရတာတွေ ကွဲပြားမူကိုပဲ ဖြစ်စေခဲ့တယ်လို့ မစ္စတာ Romney က အမေရိကန်နိုင်ငံသားတွေကို ပြောမယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။