သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာသသရုပ်ဆောင် Robin Williams ဆွဲကြိုးချသေဆုံး


အမေရိကန် ဟာသမင်းသား Robin Williams ဟာ California ပြည်နယ်က သူရဲ့နေအိမ်မှာ သူ့ကိုယ်သူ ဆွဲကြိုးချ သေဆုံးခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Robin Williams ဘာကြောင့် သေဆုံးခဲ့ရသလဲဆိုတဲ့ အကြောင်းအသေးစိတ်ကို ဒေသခံရဲဌာန တာဝန်ရှိသူတွေက အင်္ဂါနေ့က ထုတ်ပြန်ပြောကြားခဲ့တာမှာ သူ့ရဲ့ ကိုယ်ရေးလက်ထောက်က သူသေဆုံးနေတာကို တနင်္လာနေ့မှာ တွေ့ရှိခဲ့တာလို့ ပြောပါတယ်။

အသက် ၆၃ နှစ်မှာ ကွယ်လွန်သွားတဲ့ Hollywood မင်းသားကြီးကို သူ့ရဲ့အိမ်မှာ တနင်္ဂနွေနေ့ညအထိ နောက်ဆုံး မြင်တွေ့ခဲ့ကြပါသေးတယ်။ Robin Williams ဟာ စိတ်ကျရောဂါကို ခံစားနေခဲ့ရတယ်လို့ သူနဲ့ပတ်သက်တဲ့ သတင်းတွေကို ထုတ်ပြန်ပေးသူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေးနဲ့ အရက်စွဲတဲ့ ရောဂါပြဿနာ ရှိနေတယ်ဆိုတာကို လူအများသိကြပြီး ပြီးခဲ့တဲ့လကပဲ အရက်ဖြတ်ဖို့ ပြန်လည်ထူထောင်ရေး စခန်းတခုမှာ သူကိုယ်တိုင်ပဲ သွားရောက် အရက်ဖြတ်ခဲ့ပါသေးတယ်။ နှစ်ပေါင်းများစွာ ရုပ်ရှင်နဲ့ TV လောကမှာ ထင်ရှားခဲ့တဲ့ Robin Williams ရဲ့ ပရိတ်သတ်တွေကလည်း အရွယ်စုံဖြစ်ပါတယ်။

သူရဲ့ကျော်ကြားတဲ့ ရုပ်ရှင်တွေထဲမှာ “Mrs. Doubtfire"၊ "Good Morning, Vietnam" နဲ့ "Good Will Hunting တို့ ပါဝင်ပါတယ်။ Good Will Hunting ရုပ်ရှင်နဲ့ပဲ ၁၉၉၈ ခုနှစ်က အကောင်းဆုံး ဇာတ်ပို့မင်းသား အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ Robin Williams ဟာ လူသားတွေရဲ့ စိတ်ဘဝင်ကို ခိုက်သွားအောင် သရုပ်ဆောင်နိုင်တဲ့ သူမတူတဲ့ သရုပ်ဆောင်တယောက် ဖြစ်တယ်လို့ သမ္မတ Barack Obama က ချီးကျုးခဲ့ပါတယ်။

XS
SM
MD
LG