သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည်တွေ ထိုင်းမှာ ဆက်တိုက် ဖမ်းမိ


اینجا تبریز، میدان ساعت.<br />
عکاس : هادی نوید، ایلنا
اینجا تبریز، میدان ساعت.<br /> عکاس : هادی نوید، ایلنا

ဘင်္ဂလား-မြန်မာနယ်စပ် UNHCR ရဲ့ အစောင့်အရှောက်ခံတွေပါဝင်တဲ့ ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည် ၇၀ ကျော်ကို ထိုင်းနိုင်ငံ၊ ဖန်ငခရိုင် တကွာပါမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်နေ့က ဖမ်းဆီးရခဲ့ပါတယ်။ ၃ ရက်အတွင်း လှေစီးပြေးဒုက္ခသည် ၁၀၀ ကျော်ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

UNHCR အသိအမှတ်ပြု လှေစီးပြေးဒုက္ခသည်တွေရဲ့ သက်သေခံကဒ်ပြားများ
UNHCR အသိအမှတ်ပြု လှေစီးပြေးဒုက္ခသည်တွေရဲ့ သက်သေခံကဒ်ပြားများ

ဘင်္ဂလား-မြန်မာ နယ်စပ်က ကမ္ဘာ့ကုလသမဂ္ဂ UNHCR ရဲ့ အစောင့်အရှောက်ခံတွေ ပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၀ ကျော်ကို ထိုင်းနိုင်ငံဘက်ခြမ်းက ရာဘာခြံတွေနဲ့ ရာဘာခြံတွေကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဝင်တဲ့ ကားတွေပေါ်ကနေ ဖမ်းမိခဲ့တာပါ။

သူတို့ိဟာ ထိုင်းနိုင်ငံဘက်ခြမ်းမှာရှိတဲ့ ကျွန်းတကျွန်းပေါ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဝင်လာနေကြတာဖြစ်ပြီး မလေးရှားနိုင်ငံအထိ ခရီးဆက်ကြမယ့်သူတွေ ဖြစ်ပါတယ်။ သူတို့ထဲက တချို့ဟာ ပွဲစားတွေက ရောင်းစားခံထားရသူတွေဖြစ်ကြောင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“မနေ့က တနေ့က ဖမ်းမိတဲ့နေရာကပဲ ၇၂ ယောက် ထပ်ဖမ်းမိတာပေါ့။ အများစုကတော့ UNHCR က လာကြတဲ့- UNHCR ကဒ်တွေပေါ့။ ဒါပေမယ့် တချုျိ့တွေကတော့ UNHCR ကနေ ပြေးသွားပြီး လေး ငါး ခြောက်နှစ် ရှိသွားတဲ့လူတွေလည်း ရှိတာပေါ့။ အဲဒီထဲမှာပဲ ၂ ပိုင်းတွေ့ရတယ်။ လူကုန်ကူးမှု မြောက်တာရှိတယ်။ လူကုန်ကူးမှု မမြောက်တာဆိုပြီး သူတို့ ထပ်ခွဲတယ်။ ဆိုလိုတာက လူကုန်ကူးမှု မမြောက်ဘူးဆိုတာက သူတို့ရဲ့သဘောထားနဲ့ သူတို့ ပိုက်ဆံပေးပြီးတော့ လာကြတဲ့လူတွေ၊ လူကုန်ကူးတယ်လို့ မခံယူဘူးပေါ့နော်။ တချုု့ိကကတော့ အတင်းအဓမ္မနဲ့ ကတိကဝတ်အတိုင်း လုပ်မပေးဘဲနဲ့ ခေါ်လာတယ်။ သူတို့ဟာသူတို့ တခြားလူတွေဆီမှာ ငွေကြေးယူပြီးတော့ ရောင်းစားတဲ့ဟာမျိုးတွေပေါ့။ အဲဒါမျိုး လူကုန်ကူးမှု မြောက်တာကတော့ အကုန်လုံးပေါင်းလို့ရှိရင် ၁၂၅ ယောက်ထဲမှာ ၃၇ ယောက်က လူကုန်ကူးမှုမြောက်တယ်လို့ ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှု ကာကွယ်ရေးအဖွဲ့ကနေ သတ်မှတ်ထားတာ ရှိတယ်။”

ပြီးခဲ့တဲ့စနေနေ့တုန်းကလည်း လှေစီးပြေးဒုက္ခသည် ၈၀ ကျော်ကို ထိုင်းနိုင်ငံက ဖမ်းဆီးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကနေ ထိုင်း-မြန်မာ နယ်စပ်ကို ခိုးဝင်လာနေတဲ့ဒုက္ခသည်တွေဟာ ထိုင်းပင်လယ်ပြင်မှာလည်း ထိုင်းရေတပ်နဲ့တိုးတဲ့အခါ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် လှေမှောက်သေဆုံးရတဲ့အဖြစ်တွေ ရှိနေသလို ထိုင်းနိုင်ငံအတွင်းပိုင်းကို မဝင်ရောက်နိုင်ရေး ဟန့်တားမှုတွေကိုလည်း ကြုံကြရပါတယ်။

အခုတလလောက်အတွင်းမှာပဲ ထိုင်းနိုင်ငံထဲကို ဝင်လာတဲ့ ရိုဟင်ဂျာအမည်ခံထားတဲ့ ဒုက္ခသည်အရေအတွက် ၃၀၀ ခန့်ရှိပြီဖြစ်သလို သူတို့ရဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ ၃ နိုင်ငံအစိုးရတွေ ပူးပေါင်းဖြေရှင်းမှ ရနိုင်မယ်လို့ ဦးထူးချစ်က ဆိုပါတယ်။

“အဲဒီကိစ္စတွေကို ဖြေရှင်းမယ်ဆိုလို့ရှိရင်တော့ အနည်းဆုံး ၃ နိုင်ငံ အစိုးရတွေ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ထင်တယ်။ ဆိုလိုချင်တာက မြန်မာအစိုးရ၊ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ထိုင်းအစိုးရတို့ စနစ်တကျနဲ့ ပူးပေါင်းဆောင်ရွက်လို့ရှိရင်တော့ တချို့ဟာတွေ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ ထင်တယ်။ အခု ဒီပုံစံမျိုးနဲ့ဆိုလို့ရှိရင်တော့ ဒါ ဆက်တိုက် လာနေအုံးမှာပဲ။ ဒီကြားထဲမှာပဲ ကျနော်တို့ သွားကူညီပေးလိုက်ပြီးတော့ အဖမ်းခံထိတဲ့လူက ဒီလထဲမှာပဲ ၂၅၀၊ ၃၀၀ နီးပါး ဖြစ်သွားပြီ။”

လှေစီးပြီး ထိုင်းနိုင်ငံထဲကို ခိုးဝင်လာနေကြတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဘက်ကလည်း တင်းတင်းကြပ်ကြပ် ဖမ်းဆီးနေပြီး ထိုင်းအချုပ်စခန်းတွေမှာလည်း သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ အမည်ခံထားတဲ့ ကလေး၊ မိန်းမတွေပါတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အများအပြား ရှိနေတာပါ။ အခု ဖမ်းဆီးမိတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ ဘင်္ဂလီလို့ ပြောတဲ့သူ ရှိသလို ရိုဟင်ဂျာလို့ ပြောသူတွေလည်း ရှိပါတယ်။ အရင်တုန်းက များသောအားဖြင့် ရိုဟင်ဂျာဒုက္ခသည်အများစုကတော့ ထိုင်းနိုင်ငံရဲ့အချုပ်ခန်းတွေထဲမှာ နေထိုင်ကြပြီး သူတို့ကို လက်ခံမယ့် နိုင်ငံ မရှိတဲ့အတွက်လည်း အခက်အခဲတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရောက်နေတဲ့ ဒုက္ခသည်တွေကိုတော့ မြန်မာအစိုးရက ဘင်္ဂလီအဖြစ် သတ်မှတ်ပြီး သူတို့ကို နိုင်ငံသားအဖြစ် သတ်မှတ်ဖို့ ၁၉၈၂ ခုနှစ်၊ လူဝင်မှု ဥပဒေအရ စိစစ်ပေးနေပြီး ဒုက္ခသည် ရာဂဏန်းလောက်ကိုတော့ နိုင်ငံသားအဖြစ် လက်ခံပေးပြီးဖြစ်ပါတယ်။

XS
SM
MD
LG