သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးတပ်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ရိုဟင်ဂျာအမျိုးသမီး ၃ ဦးသေဆုံး


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဒေသခံရဲတပ်ဖွဲ့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအကြား ထိပ်တိုက်ရင်ဆိုင် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရာမှာ ရိုဟင်ဂျာ အမျိုးသမီး ၃ ဦး သေဆုံးသွားတယ်လို့ လုံခြုံရေးတာဝန်ခံတွေက ဒီကနေ့ ပြောဆိုလိုက်တဲ့အကြောင်း အေပီသတင်းမှာ ဖော်ပြလိုက်ပါတယ်။

ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ပါရီရွာ ယာယီစခန်းကနေ ပြောင်းရွှေ့ဖို့ ညွှန်ကြားချက်ကို လက်မခံဘဲ ငြင်းဆန်ကြရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာလို့ မြောက်ဦးမြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီစခန်းမှာရှိတဲ့ တချို့ ရိုဟင်ဂျာတွေက ဓားတွေ၊ ဒုတ်တွေ၊ လောက်လေးခွတွေနဲ့ ရဲတွေကို ရန်ပြုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ဖို့ရန် ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဗွီအိုအေက ဆက်သွယ်လို့ မရခဲ့ပါဘူး။
XS
SM
MD
LG