သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် စက်လှေ ဘင်္ဂလား ပင်လယ်အော်မှာ တိမ်းမှောက်


မလေးရှားကို ပွဲစားကတဆင့် အလုပ်သွားလုပ်ကြမယ့် ရိုဟင်ဂျာစက်လှေ တိမ်းမှောက်ခဲ့တာကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ကယ်ဆယ်ခဲ့စဉ်။
မလေးရှားကို ပွဲစားကတဆင့် အလုပ်သွားလုပ်ကြမယ့် ရိုဟင်ဂျာစက်လှေ တိမ်းမှောက်ခဲ့တာကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ကယ်ဆယ်ခဲ့စဉ်။
လူတွေအဆမတန် တင်ဆောင်လာတဲ့ စက်လှေတစီး ဗုဒ္ဓဟူးနေ့မှာ နစ်မြုပ်ခဲ့ပြီး အဲဒီအပေါ်မှာ လိုက်ပါလာတဲ့ လှေစီးပြေး ရိုဟင်ဂျာမူဆလင် ဒုက္ခသည် ၈၅ ယောက် ထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။

သစ်သားကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့ စက်လှေဟာ မလေးရှားနိုင်ငံကို ဦးတည်သွားနေတာ ဖြစ်ပြီး ဘင်္ဂလား ပင်လယ်အော် အတွင်းမှာ တိမ်းမှောက်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။

လူတော်တော်များများကို ငါးဖမ်းစက်လှေတစီးက ကယ်ဆယ်နိုင်ခဲ့ပြီး နောက်ထပ် အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်နိုင်ဖို့အတွက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေက ပြောပါတယ်။

ဒါဟာဆိုရင် ဘင်္ဂလားပင်လယ်အော်မှာ ဆယ်ရက်အတွင်း ဒုတိယမြောက် ရိုဟင်ဂျာဒုက္ခသည်တွေ သယ်ဆောင်လာတဲ့ စက်လှေ နစ်မြုပ်မှုလည်း ဖြစ်ပါတယ်။ မြန်မာ့ရေပြင်ပိုင်နက် အပြင်ဘက်မှာ အောက်တိုဘာလ ၂၈ ရက်နေ့က လှေနစ်မြုပ်မှုမှာ လိုက်ပါလာတဲ့ လူပေါင်း ၁၃၀ ထဲက လူအနည်းငယ်ကိုပဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ မှာနစ်မြုပ်တဲ့ စက်လှေပေါ်မှာ လိုက်ပါသူတွေဟာ လူကုန်ကူးသူတွေကို ပိုက်ဆံပေးပြီး မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ သွားကြတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့မှာ ခရီးသွားလက်မှတ် အထောက်အထားတွေ မပါကြဘူးလို့လည်း ဘင်္ဂလားဒေ့ရှ် အရာရှိတွေက ပြောပါတယ်ခင်ဗျား။
XS
SM
MD
LG