သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ကို Mitt Romney ဝေဖန်ထိုးနှက်


၂၀၁၂ ခုနှစ် သမ္မတရာထူး အတွက် ယှဉ်ပြိုင်ခဲ့ဖူးသူ Mitt Romney (ဝဲ) နဲ့ ၂၀၁၆ အမေရိကန် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Donald Trump (ယာ)
၂၀၁၂ ခုနှစ် သမ္မတရာထူး အတွက် ယှဉ်ပြိုင်ခဲ့ဖူးသူ Mitt Romney (ဝဲ) နဲ့ ၂၀၁၆ အမေရိကန် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Donald Trump (ယာ)

အမေရိကန် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တွေကြား ရှေ့တန်းနေရာမှာရှိနေတဲ့ Donald Trump ဟာ သမ္မတဖြစ်ထိုက်သူတယောက် မဟုတ်တဲ့အကြောင်း ၂၀၁၂ ခုနှစ်က သမ္မတရာထူး အတွက် ယှဉ်ပြိုင်ခဲ့ဖူးသူ Mitt Romney က ကြာသပတေးနေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း ထိုးနှက်ဝေဖန်လိုက်ပါတယ်။

ပါတီတွင်း အကြိုရွေးပွဲတွေမှာ Donald Trump ကို မဲမပေးကြဖို့လည်း ရီပတ်ဘလစ်ကန် ပါတီဝင်တွေကို တိုက်တွန်းခဲ့တာပါ။ ရီပတ်ဘလစ်ကန် ပါတီဝင်တွေ အနေနဲ့ Donald Trump ကို သမ္မတလောင်း အဖြစ် ရွေးချယ်ခဲ့မယ် ဆိုရင် လုံခြုံပြီး၊ သာယာဝပြောတဲ့ အနာဂတ် ဆုံးရှုံးရလိမ့်မယ် လို့လည်း ပြောဆိုခဲ့ပါတယ်။

ကြာသပတေးနေ့နှောင်းပိုင်းမှာပဲ Mitt Romney ရဲ့ ပြောဆိုချက်တွေဟာ ဆိုးရွားလွန်းတဲ့ မှတ်ချက်တွေအဖြစ် Donald Trump ကတုံ့ပြန်ခဲ့ပါတယ်။
Mitt Romney ကတော့ သူကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့သလို၊ ကျန်နေသေးတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ၄ ယောက်ထဲက တယောက်ယောက်ကို စဉ်းစားဖို့လည်း မဲဆန္ဒရှင်တွေကို တိုက်တွန်းခဲ့တာပါ။

ဒါ့အပြင် ဒီမိုကရက်တစ်ပါတီဘက်က သမ္မတလောင်းဖြစ်ဖို့ ယှဉ်ပြိုင်နေတဲ့ ဟီလာရီ ကလင်တန် ဟာလည်း သမ္မတ မဖြစ်ထိုက်သလို၊ ယုံကြည်စိတ်ချဖို့ မကောင်းတဲ့သူ တယောက်ဟာလည်း သမ္မတမဖြစ်ထိုက်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ Donald Trump အနေနဲ့လည်း သမ္မတတဦးမှာ ရှိရမယ့် စရိုက်လက္ခဏာနဲ့ ဆုံးဖြတ်နိုင်စွမ်း မရှိဘူးလို့ မက်ဆာချုးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney က ပြောဆိုခဲ့တာပါ။

Donald Trump ရဲ့ မအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံခြားရေးရာ မူဝါဒနဲ့ ပတ်သက်လို့ ပြောဆိုချက်တွေ အပေါ်မှာလည်း ထိုးနှက်ဝေဖန်ခဲ့ပါတယ်။

XS
SM
MD
LG