သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆွယ်လူပ်ရှားမူ ရန်ပုံငွေ Romney အသာစီးရ


အမေရိကန်သမ္မတ အိုဘားမား Truckee Meadows Community Collegeတွင် မဲဆွယ်စည်းရုံးစဉ်
အမေရိကန်သမ္မတ အိုဘားမား Truckee Meadows Community Collegeတွင် မဲဆွယ်စည်းရုံးစဉ်
အမေရိကန်ပြည်ထောင်စုမှာ ရီပတ်ဘလီကန်ပါတီဘက်က သမ္မတကိုယ်စားလှယ်လောင်းဖြစ်မယ်လို့ ယူဆရတဲ့ မစ်တ် ရွမ်မ်နီ (Mitt Romney) ရဲ့ မဲဆွယ်စည်းရုံးမှုဟာ ငွေကြေးနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် ဒီမိုကရက်သမ္မတ ဘရာ့ခ် အိုဘားမား (Barack Obama) ရဲ့ မဲဆွယ်စည်းရုံးမှုထက် အများကြီး ပိုကြီးပါတယ်။

မစ္စတာရွမ်မ်နီရဲ့ ရီပတ်ဘလီကန်တွေဟာ ဇူလိုင်လမှာ ရန်ပုံငွေ ဒေါ်လာ ၁၀၁ သန်း ရှာနိုင်ခဲ့ပြီး မစ္စတာအိုဘားမားရဲ့ ဒီမိုကရက် တွေကတော့ ဒေါ်လာ ၇၅ သန်းပဲ ရှာနိုင်ခဲ့တယ်လို့ တနင်္လာနေ့မှာထုတ်ပြန်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အစီရင် ခံစာအရ သိရပါတယ်။

ရီပတ်ဘလီကန်တွေဟာ ချက်ခြင်းသုံးစွဲလို့ရမယ့် ငွေသား စုစုပေါင်း ဒေါ်လာ ၁၈၆ သန်းရှိပြီး ဒီမိုကရက်တွေကတော့ ဒေါ်လာ ၁၂၄ သန်းပဲရှိပါတယ်။

အဲဒီငွေကြေးပမာဏထဲမှာတော့ နိုင်ငံရေးလှုပ်ရှားမှုကော်မတီတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ ပရဟိတအဖွဲ့တွေ သုံးစွဲတဲ့ ငွေကြေး မပါသေးပါဘူး။
XS
SM
MD
LG