သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတိုက်အခံခေါင်းဆောင် ဖမ်းဆီးခံရ


ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို လိမ်လည်မှုနဲ့ ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရတာကို ကန့်ကွက်ဆန္ဒပြခဲ့ကြသူတွေနဲ့ Navalny ဟာ သွားရောက်ပူးပေါင်းခဲ့ပြီး မကြာခင်မှာ ရဲက သူ့ကို ထိန်းသိမ်းလိုက်ပါတယ်။

အင်္ဂါနေ့က မော်စကိုမှာ ရင်ပြင်နီအနီးရှိ ခရင်မလင်နန်းတော်ကို သူ့ရဲ့ထောက်ခံသူတွေနဲ့ ချီတက်စဉ် အင်္ဂါနေ့က အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီနေရာတဝိုက်မှာ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာကိုလည်း ရဲကဖမ်းဆီးခဲ့ပါတယ်။

သမ္မတ ပူတင်ကို ပြစ်တင်ဝေဖန်သူတဦးဖြစ်တဲ့ Navalny ကို အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ မာနက်စ်ရင်ပြင်ကို စုဝေးရောက်ရှိခဲ့ကြပါတယ်။ Navalny ရဲ့ညီဖြစ်သူ အော်လစ်ခ် ကိုလည်း ပြစ်မှုထင်ရှားတာ တွေ့ရှိခဲ့ပါတယ်။

အခုလို ပြစ်ဒဏ်ချမှတ်တာနဲ့ ပတ်သက်လို့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုကို ဟန့်တားတဲ့အနေနဲ့ အခုလို အရေးယူခဲ့ပုံရတယ်လို့ ယူဆတဲ့အကြောင်း၊ ဒါဟာ တသီးပုဂ္ဂိလ ဝေဖန်သံတွေအပေါ် ရုရှားအစိုးရရဲ့ဖိနှိပ်မှု နောက်ထပ်ဥပမာဖြစ်ကြောင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေခံ လူအဖွဲ့အစည်း လူနည်းစုတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေအပေါ် ချုပ်ချယ်မှုတွေ တိုးနေတဲ့အပေါ် အမေရိကန် ပြည်ထောင်စုအနေနဲ့ စိုးရိမ်ကြောင်း သူက ပြောသွားပါတယ်။

Alexei Navalny ထောက်ခံသူတွေကလည်း အခုလို သူ့အပေါ်ပြစ်ဒဏ်ချမှတ်တာဟာ သူရဲ့ နိုင်ငံရေးအတိုက်အခံ လှုပ်ရှားမှုအပေါ် အစိုးရက ကလဲ့စားချေ တုံ့ပြန်မှုအဖြစ် မြင်ကြပါတယ်။ အစောပိုင်းက တရားရုံးတခုကနေ Navalny အပေါ် ပြင်သစ်မိတ်ကပ်ကုမ္ပဏီတခုအပေါ် အနည်းဆုံး ဒေါ်လာ ၅ သိန်း လိမ်လည်မှုနဲ့ ပြစ်မှုထင်ရှား တွေ့ရှိခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG