သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပအရာရှိကြီး ၉၀ ခန့် ရုရှားပြည်ဝင်ခွင့်ပိတ်


ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier

ဥရောပသမဂ္ဂ EU ရဲ့ ထိပ်တန်းတာဝန်ရှိသူ ၈၉ ဦးကို ရုရှားက ခရီးသွားလာခွင့် ပိတ်ပင်လိုက်တာဟာ ယူကရိန်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ထိခိုက်စေနိုင်တယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာ သတင်းထောက်တွေကို စကားပြောတဲ့အချိန်အတွင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier က ခရီးသွားလာခွင့်ပိတ်ပင်တာကို ဝေဖန်ပြီးတော့ ရုရှားနိုင်ငံအနေနဲ့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ဖို့ တောင်းဆိုပါတယ်။

ဥရောပတိုက်အလယ်မှာ ကာလရှည်ဖြစ်နေပြီး အန္တရာယ်ကြီးတဲ့ပဋိပက္ခကို ဖြေရှင်းဖို့ကြိုးစားနေချိန်မှာ ဒီလိုလုပ်ရပ်က အထောက်အကူဖြစ်စေမှာ မဟုတ်ဘူးလို့ မစ္စတာ Steinmeier ကပြောပါတယ်။

ရုရှားရဲ့ အမည်မည်းစာရင်းထဲမှာပါတဲ့အတွက် ဂုဏ်ယူတယ်လို့ ဥရောပထိပ်တန်းတာဝန်ရှိသူ အများအပြားကပြောတာကို အဓိက သတင်းဌာနကြီးတွေက ဖော်ပြပါတယ်။

ဥရောပသံတမန်တွေကို ကြာသပတေးနေ့က ချပြတဲ့စာရင်းထဲမှာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ယူကရိန်းအရှေ့ပိုင်းကို ရုရှားနယ်ထဲ သွတ်သွင်းတဲ့အပေါ် ဝေဖန်ပြောဆိုတဲ့ အရင်တုန်းကနဲ့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ ပါဝင်ပါတယ်။

XS
SM
MD
LG