သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden စာတွေကြောင့် ဗြိတိသျှသူလျှိုတွေ နေရာ ပြောင်းရွှေ့


အမေရိကန်ထောက်လှမ်းရေးဝန်ထမ်းဟောင်း Edward Shnowden
အမေရိကန်ထောက်လှမ်းရေးဝန်ထမ်းဟောင်း Edward Shnowden

အမေရိကန်ထောက်လှမ်းရေးဝန်ထမ်းဟောင်း Edward Shnowden ဆီက သင်္ကေတသုံး ထိပ်တန်း လျှို့ဝှက်စာရွက်စာတမ်းတွေကို ရုရှားနဲ့တရုတ်နိုင်ငံတို့ကရသွားခဲ့တဲ့အတွက် သဘောထားတင်းမာတဲ့နိုင်ငံတွေမှာတာဝန်ချထားတဲ့ ဗြိတိသျှအစိုးရရဲ့ သူလျှိုတွေကို နေရာပြောင်းရွှေ့ခဲ့ရတယ်လို့ ဗြိတိန်ထိပ်တန်းသတင်းစာတစောင်ကဖော်ပြပါတယ်။

Snowden အမေရိကန်နိုင်ငံကနေ ၂ဝ၁၃ ခုနှစ်ကထွက်ပြေးသွားတုန်း ခိုးယူသွားခဲ့တဲ့ လျှို့ဝှက်သင်္ကေတသုံး စာတမ်းပေါင်း တစ်သန်းကျော်ကို ရုရှားတို့ကရသွားခဲ့ပြီးတဲ့နောက် အခုလို သူလျှိုတွေကိုရွှေ့ပြောင်းလိုက်ရတာလို့ The Sunday Times သတင်းစာက ပြောပါတယ်။ သူအခုလို ထွက်ပြေးသွားပြီး မကြာခင်မှာဘဲ ရုရှားသမ္မတ Vladimir Putin က Snowden ကို ယာယီနိုင်ငံရေးခိုလှုံခွင့် ပေးလိုက်ပြီး ရုရှားပြည်တွင်းလွပ်လပ်စွာသွားလာနိုင်တဲ့ နေထိုင်ခွင့်ပါမစ်ကိုပါ နောက်ပိုင်းမှာ ချပေးလိုက်တာပါ။

လျှို့ဝှက်စာတမ်းတွေကို အခုလိုရသွားခဲ့တဲ့အတွက် သူလျှိုတွေရဲ့လုပ်ပုံကိုင်ပုံတွေသိသွားကြတာကြောင့် သူတို့ကို နေရာပြောင်းရွှေ့ လိုက်ရတာဖြစ်ပြီး သိပ်အရေးကြီးတဲ့သတင်းတွေရဖို့မဖြစ်နိုင်တော့ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ရတဲ့သတင်းရင်းမြစ်ကို ကိုးကားပြီး The Times သတင်းစာကဖော်ပြပါတယ်။

ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်ရုံးကတော့ ဘယ်သူမှ အန္တာရာယ်ကျရောက်တာမျိုးမှ မတွေ့ရဘူးဆိုတဲ့ပြောဆိုချက်ကိုလည်း တဆက်တည်း ဖော်ပြထားတာပါ။တရုတ်နိုင်ငံကလည်း အနောက်နိုင်ငံတွေရဲ့ သူလျှိုလုပ်ငန်းနဲ့ပတ်သက်လို့ ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ လုပ်ကိုင် နေသလဲ ဆိုတဲ့အချက်အလက်တွေရသွားတယ်လို့ အခြားအစိုးရသတင်းရင်းမြစ်တွေအရ the times သတင်းစာကဖော်ပြသွားပါတယ်။

အမေရိကန်နဲ့ ဗြိတိန်အစိုးရဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ဘယ်လိုမှတ်ချက်မျိုးမှမပြောသေးပါဘူး။

XS
SM
MD
LG