သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလေကြောင်းကျူးကျော်မှု Estonia ကန့်ကွက်


ရုရှားထောက်လှမ်းရေး လေယာဉ်တစီးဟာ Estonia နိုင်ငံ နယ်နမိတ်အတွင်းကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး Estonia အစိုးရက ရုရှားနိုင်ငံသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်ပါတယ်။

ဘော်လ်ကန်ဒေသတွင်းမှာရှိတဲ့ နိုင်ငံအနေနဲ့ အခုလို ကျူးကျော်လာတဲ့ လုပ်ရပ်အပေါ် အလေးနက်ကိစ္စတရပ်အဖြစ် သဘောထားကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သံအမတ်ကြီးအနေနဲ့ ဖြေရှင်းချက်ပေးဖို့ တောင်းဆို ကြောင်း ပြောကြားခဲ့တယ်လို့ Estonia နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။

ရုရှားရဲ့ Ilyushin-20 အမျိုးအစား ထောက်လှမ်းရေးလေယာဉ်ဟာ သူ့နိုင်ငံရဲ့ လေပိုင်နက်အတွင်း အင်္ဂါနေ့ နေ့ခင်းပိုင်းက ဘာကြောင့် ဝင်ရောက်လာရသလဲ ဆိုတဲ့အချက်ကို Estonia နိုင်ငံက သိလိုနေတဲ့အကြောင်း ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။ ရုရှားထောက်လှမ်းရေး လေယာဉ်ဟာ Estonia လေပိုင်နက်အတွင်းမှာ တမိနစ်ခန့် ဝင်ရောက်လာခဲ့ကြောင်း NATO အဖွဲ့ကပြောပါတယ်။

အမည်မသိ လေယာဉ်တစီးကို ရေဒါထဲမှာ တွေ့ရှိခဲ့ပြီးတဲ့နောက် ဘော်လ်ကန် ဒေသတွင်းမှာရှိတဲ့ လေတပ်အခြေစိုက် စခန်းတခုမှာရှိတဲ့ ပေါ်တူဂီနဲ့ ဒိန်းမတ်နိုင်ငံတွေက F-16 တိုက်လေယာဉ်တွေ ချက်ခြင်း ပျံတက်ပြီး လိုက်ခဲ့ကြတယ်လို့ NATO က ပြောပါတယ်။ ဝင်ရောက်လာတဲ့ ရုရှားထောက်လှမ်းရေး လေယာဉ်ကို ဒိန်းမတ်တိုက်လေယာဉ်က ကြားဖြတ် ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG