သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားခရီးသည်တင် လေယာဉ် ဗုံးခွဲတိုက်ခိုက်ခံရမှု Putin လက်တုံ့ပြန်မည်


SINAI ကျွန်းဆွယ်မှာ ပြီးခဲ့တဲ့လက ပျက်ကျသွားခဲ့တဲ့ ရုရှားပိုင် ခရီးသည်တင်လေယာဉ်ဟာ ဗုံးပေါက်ကွဲပြီး ပျက်ကျသွားခဲ့တာ ဖြစ်တယ်လို့ ရုရှားနိုင်ငံက အင်္ဂါနေ့မှာ ကောက်ချက်ချ ဆုံးဖြတ်လိုက်ပါတယ်။ ရုရှားသမ္မတ Vladimir Putin ကလည်း ဒီတိုက်ခိုက်မှုရဲ့ လက်သည်တရားခံကို လက်စားချေမယ်လို့ ပြောဆိုပါတယ်။

သူတို့ ဘယ်နေရာမှာပဲ ခိုအောင်းနေပါစေ ရအောင်ရှာမယ်လို့ သမ္မတ Putin က ပြောပါတယ်။ ကမ္ဘာကြီးရဲ့ ဘယ်နေရာပဲဖြစ်ဖြစ် ရအောင်ရှာပြီး အပြစ်ပေးမယ်လို့လည်း ပြောပါတယ်။

ရုရှားခေါင်းဆောင်ဟာ လူ ၂၂၄ ဦးသေဆုံးခဲ့ရတဲ့ Metrojet A321 အမျိုးအစား လေယာဉ်ပျက်ကျမှုအပေါ် IS အစ္စလာမ္မစ် စစ်သွေးကြွတွေအပေါ် ရွေးချယ် အပြစ်တင်တာမျိုးတော့ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ လေယာဉ်ဟာ ပျံတက်သွားပြီး နာရီပိုင်းအကြာ IS အစ္စလာမ္မစ် စစ်သွေးကြွတွေက ဆီးရီးယားနိုင်ငံမြောက်ပိုင်း သူတို့ရဲ့ မြို့တော်ဆိုပြီး တဘက်သတ် ကြေညာထားတဲ့ Raqqa မြို့အပေါ်မှာ ပေါက်ကွဲသွားတာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံကလည်း ပဲရစ်မြို့တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုအတွက် Raqqa မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

XS
SM
MD
LG