သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှကို WTO က ၁၅၆ ဦးမြောက် အဖွဲ့ဝင်အဖြစ် လက်ခံ


ရုရှားစားသုံးသူတွေအနေနဲ့ ပိုဈေးသက်သာတဲ့ တင်သွင်းကုန်တွေကို ဝယ်ယူပြီး ငွေပိုစုနိုင်ပြီးတော့ နိုင်ငံတွင်း စီးပွားရေးတွေမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံနိုင်မှာကြောင့် အကျိုးဖြစ်စေလိမ့်မယ်လို့ သုံးသပ်သူတချို့က ခန့်မှန်းပါတယ်။
ရုရှားစားသုံးသူတွေအနေနဲ့ ပိုဈေးသက်သာတဲ့ တင်သွင်းကုန်တွေကို ဝယ်ယူပြီး ငွေပိုစုနိုင်ပြီးတော့ နိုင်ငံတွင်း စီးပွားရေးတွေမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံနိုင်မှာကြောင့် အကျိုးဖြစ်စေလိမ့်မယ်လို့ သုံးသပ်သူတချို့က ခန့်မှန်းပါတယ်။
ရုရှားနိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် WTO ရဲ့ ၁၅၆ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်သွားပါပြီ။ နှစ်၂၀ နီးပါး စေ့စပ် ဆွေးနွေး ညှိနှိုင်းခဲ့ပြီးတဲ့နောက်မှာမှ အဖွဲ့ဝင်နိုင်ငံဖြစ်သွားတာပါ။ ရုရှားနိုင်ငံဟာ ဂျီနီဗာမြို့အခြေစိုက် WTO အဖွဲ့မှာ နောက်ဆုံးအဖွဲ့ဝင်ဖြစ်လာတဲ့ အဓိက စီးပွားရေး အင်အားကြီးနိုင်ငံတခုပါ။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေက ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရုရှားနိုင်ငံထဲ အလုံးအရင်းနဲ့ ဝင်လာမှာ ကို စိုးရိမ်တယ်ဆိုတာ ပြောခဲ့ဖူးပါတယ်။

WTO အဖွဲ့ဝင်ဖြစ်သွားတဲ့အတွက် တင်သွင်းကုန်တွေအပေါ် အခွန်စည်းကျပ်တာကို အခုလက်ရှိ ပျှမ်းမျှခြင်း ၁၀% ကနေ ၈% အောက်အထိ လျှော့ချဖို့ သဘောတူထားပါတယ်။ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် ဘဏ်လုပ်ငန်းကဏ္ဍ၊ မော်တော်ယာဉ်လုပ်ငန်းကဏ္ဍနဲ့ အာမခံလုပ်ငန်းကဏ္ဍတွေ အပါအဝင် လုပ်ငန်းကဏ္ဍအများအပြားအတွက် ကုန်သွယ်ရေးတွေကို ဖွင့်ပေးဖို့ ကတိပေးထားရပါတယ်။ ဒါဟာ ရုရှားစားသုံးသူတွေအနေနဲ့ ပိုဈေးသက်သာတဲ့ တင်သွင်းကုန်တွေကို ဝယ်ယူပြီး ငွေပိုစုနိုင်ပြီးတော့ နိုင်ငံတွင်း စီးပွားရေးတွေမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံနိုင်မှာကြောင့် အကျိုးဖြစ်စေလိမ့်မယ်လို့ သုံးသပ်သူတချို့က ခန့်မှန်းပါတယ်။
XS
SM
MD
LG