သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး စိတ်မစောဖို့ ရုရှားသမ္မတတိုက်တွန်း


ဆီးရီးယားအရေး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တိုက်တွန်းနေတဲ့ ရုရှားသမ္မတ ပူတင်
ဆီးရီးယားအရေး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တိုက်တွန်းနေတဲ့ ရုရှားသမ္မတ ပူတင်
ဓာတုလက်နက်သုံးတယ်ဆိုတဲ့ ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူနိုင်ခြေရှိတဲ့ အမေရိကန်သမ္မတ Barack Obama ရဲ့ ပြောကြားချက် ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ပါလို့ Russia သမ္မတ Vladimir Putin က တိုက်တွန်းလိုက်ပါတယ်။

ဆီးရီးယားအစိုးရတပ်တွေဘက်က တော်လှန်နေတဲ့ သူပုန်တပ်တွေကို အနိုင်ရနေတဲ့အတွက် နိုင်ငံခြားကနေ စစ်ရေးနဲ့ ဝင်ရောက်စွက်ဖက်မယ်ဆိုရင် လုံးဝအဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ သမ္မတပူတင်က ဒီကနေ့ စနေနေ့မှာ ပြောလိုက်တာပါ။ ဒီကနေ့ ဆီးရီးယားကနေ ပြန်လည်ထွက်ခွာသွားတဲ့ ကုလသမဂ္ဂ စုံစမ်းရေးမှူးတွေရဲ့ အစီရင်ခံစာကို စောင့်ဖို့အတွက်လည်း အမေရိကန်ကို Russia သမ္မတက တိုက်တွန်းပါတယ်။

အမေရိကန်ရရှိထားတယ်ဆိုတဲ့ အထောက်အထားတွေကိုလည်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှုးတွေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို
တင်ပြပါလို့ ဆိုပါတယ်။ အခု နယူးယောက်ခ် မြို့ဆီ ပြန်လာနေတဲ့ ကုလသမဂ္ဂစုံစမ်းရေးမှူးတွေကတော့ သူတို့ရဲ့ စုံစမ်းတွေ့ရှိချက်တွေကို
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီကို တင်ပြမှာဖြစ်ပါတယ်။

ဆီးရီးယားအစိုးရဟာ ပြီးခဲ့တဲ့ တပတ်က အဆိပ်ဓာတ်ငွေ့တွေနဲ့တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ညွှန်ပြနေတဲ့ အစီရင်စာတခုအပေါ်မှာ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက အတော့်ကိုယုံကြည်မှုရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သောကြာနေ့က ပြောခဲ့ပါတယ်။ အများပြည်သူသိအောင်ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ Damascus မြို့နားက ဆီးရီးယား ၁ ထောင် ၄ ရာကျော် ဓာတုလက်နက်နဲ့တိုက်ခိုက်ခံခဲ့ရပြီး အဲဒီထဲမှာ ကလေး ၄၂၆ ယောက်ပါဝင်တယ်လို့ ပြောပါတယ်။ ဆီးရီးယားအစိုးရရဲ့ ဓာတုလက်နက်အဖွဲ့ဟာ အဲဒီလို တိုက်ခိုက်မှုမလုပ်ခင် ၃ ရက်အလိုမှာ တိုက်ခိုက်ခံရတဲ့ ဒေသကိုရောက်နေတာ တွေ့ရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Kerry ကပြောပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေ အပြင် လွှတ်တော်ခေါင်းဆောင်တွေနဲ့ မဟာမိတ်တွေနဲ့ ဆက်တိုက်အစည်းအဝေးတွေလုပ်နေတဲ့ သမ္မတ Barack Obama ကတော့
အကန့်အသတ် ဆောင်တဲ့ အရေးယူတုံ့ပြန်မှုတွေလုပ်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်ရှင်။
XS
SM
MD
LG