သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အပေါ် ရုရှားတို့အမြင်မကြည်


ရုရှနိုင်ငံ မော်စကိုမြို့တော်တွင်းက ရုရှပြည်သူများ
ရုရှနိုင်ငံ မော်စကိုမြို့တော်တွင်းက ရုရှပြည်သူများ
ပြီးခဲ့တဲ့နှစ်က အမေရိကန်ပြည်ထောင်စုအပေါ်မှာ ရုရှသမ္မတနိုင်ငံသားတွေ သဘောထားတွေက ပိုမိုဆိုးရွားလာတယ်လို့ ရုရှနိုင်ငံက အစိုးရမဟုတ်တဲ့ Nevada သုတေသနဌာန စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ရုရှနိုင်ငံသားတွေထဲက အမေရိကန်ပြည်ထောင်စုအပေါ် အကောင်းမြင်သဘောထားရှိသူ ရာခိုင်နှုန်းက ဒီနှစ်မှာ လျော့ကျသွားခဲ့ပါတယ်။

မနှစ်က ၂၀၁၁ခုနှစ်မှာ အမေရိကန်ကို အကောင်းမြင်သူ ရှရုနိုင်ငံသားဟာ စစ်တမ်းကောက်ယူခံရသူတွေထဲ ၆၇% ရှိခဲ့ပေမယ့် ဒီနှစ်မှာ ၄၆%ဆီကို ကျဆင်းသွားခဲ့ပါတယ်။ အမေရိကန်အပေါ် အကောင်းမမြင်ကြသူတွေ ၂၀၁၁က ၂၇% သာရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ရုရှနိုင်ငံသား ၃၈%ဟာ အမေရိကန်တွေအပေါ် အကောင်းမမြင်ကြပါဘူး။

စစ်တမ်းကောက်ခံခဲ့တဲ့ ရုရှနိုင်ငံသားတွေ ၃ပုံ ၂ပုံဟာ အမေရိကန်ပြည်ထောင်စုဟာ ရုရှနိုင်ငံအပေါ် အပြန်အလှန်လေးစားမှု ထားရှိရမယ့်အစား ဖိအားတွေပေးဖို့ကိုပဲ စိတ်အားတွေ ထက်သန်နေတယ်လို့ ထင်မြင်ယူဆနေကြပါတယ်။
XS
SM
MD
LG