သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Russia အတိုက်အခံ ခေါင်းဆောင် ထောင် ၅ နှစ်ကျ


ရုရှအတိုက်အခံခေါင်းဆောင်ကို တရားရုံးတွင် တွေ့ရစဉ်။ (ဇူလိုင် ၁၈၊ ၂၀၁၃)
ရုရှအတိုက်အခံခေါင်းဆောင်ကို တရားရုံးတွင် တွေ့ရစဉ်။ (ဇူလိုင် ၁၈၊ ၂၀၁၃)
ရုရှနိုင်ငံ က အတိုက်အခံခေါင်းဆောင် Alexei Navalny ကို အလွဲသုံး စားပြုလုပ်ကြောင်းတွေ့ရှိရတဲ့အတွက် ရုရှား တရားရုံးတော်က ကြာသပတေးနေ့က ထောင်ဒဏ် ၅ နှစ်အမိန့်ချမှတ်လိုက်ပါတယ်။ Alexei Navalny ဟာ၂၀၀၉ ခုနှစ် ခရိုင် အုပ်ချုပ်ရေး အကြီးအကဲ တာဝန်ယူစဉ်က အမေရိကန် ဒေါ်လာ ၅သိန်း တန်ဖိုးရှိတဲ့ နိုင်ငံပိုင်ကုမ္ပဏီက သစ်တွေကို အလွဲ သုံးစား ပြုမူခဲ့တယ် လို့ စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။ အစိုးရ ပိုင်ပစ္စည်း အဂတိ လိုက်စားမှုနဲ့ စွဲဆိုခံရတဲ့ အတိုက်အခံခေါင်းဆောင် Navalny ကတော့ ဒါဟာ နိုင်ငံရေး အရ သူ့ကို ဆွံ့အ နုတ်ပိတ် သွားအောင် လုပ်တာဖြစ်တယ် လို့ ပြောဆိုပါတယ်။

စက်တင်ဘာလမှာ ကျင်းပမယ့် မော်စကိုရဲ့ မြို့တော်ဝန် ရွေးချယ် ပွဲ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ မှတ်ပုံတင်စာရင်း သွင်းပြီး ဖြစ်တဲ့ Navalny က သူအနေနဲ့ ရုရှားရဲ့ သမ္မတအဖြစ် တာဝန်ထမ်းချင်ပြီး လက်ရှိသမ္မတနဲ့ အစိုးရ အဖွဲ့ကို အပြစ်ပေး ဖမ်းဆီးချင်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ရုရှားနိုင်ငံ ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရသူဟာ မြို့တော်ဝန်အပါအဝင် အနာဂါတ်နိုင်ငံရေး တာဝန်အတွက်ရွေးချယ်ခံနိုင်ခွင့် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG