သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ဘောမှောက်မှု တောင်ကိုရီးယားဝန်ကြီးချုပ် နုတ်ထွက်


တောင်ကိုးရီးယားဝန်ကြီးချုပ် Chung Hong-won
တောင်ကိုးရီးယားဝန်ကြီးချုပ် Chung Hong-won
တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂင်ဟေး (Park Geun-Hye)က သူမအနေနဲ့ တောင်ကိုရီးယားဝန်ကြီးချုပ်ရဲ့ ရာထူးနုတ်ထွက်လွှာကို လက်ခံသွားမှာဖြစ်ပေမယ့် Sewol ကူးတို့သင်္ဘော တိမ်းမှောက်မှုပြဿနာ ကိုင်တွယ်ဖြေရှင်းလို့မပြီးမချင်း နုတ်ထွက်ဖို့ကိစ္စကိုလက်ခံမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဧပြီလ ၁၆ ရက်နေ့က လူပေါင်း ၃၀၀ ကျော် သေဆုံးတာ ဒါမှမဟုတ် ပျောက်ဆုံးတာတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရရဲ့ တုံ့ပြန်မှုအပေါ် လူထုက မကျေမနပ်ဖြစ်ခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် Chung Hong-won က တနင်္ဂနွေနေ့ အစောပိုင်းမှာ သူ့ကို ရာထူးကနေ နုတ်ထွက်ခွင့်ပေးပြုဖို့ တောင်းဆိုလိုက်တာပါ။ ဝမ်းနည်းနေတဲ့ပုံပေါ်နေတဲ့ ဝန်ကြီးချုပ်က အစိုးရအဖွဲ့မှာ သူ ဆက်ရှိနေခြင်းအားဖြင့် အစိုးရအဖွဲ့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ ပြောပြီး ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ကြောင်းကို တနင်္ဂနွေနေ့ အစောပိုင်းက ရုပ်သံကနေ ပြောသွားခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ သမ္မတက အာဏာအရှိဆုံးဖြစ်တာကြောင့် ဝန်ကြီးချုပ်ရာထူးဟာ အဓိကအားဖြင့်တော့ အခမ်းအနားတွေ တက်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

တန်ချိန် ၆,၈၀၀ ရာရှိတဲ့ အဲဒီကူးတို့သင်္ဘောဟာ ကျောင်းသားတွေနဲ့ဆရာ ရာပေါင်းများစွာကို တင်ဆောင်ပြီး နိုင်ငံအနောက်တောင်ပိုင်းက Jeju ကျွန်းကို သွားနေတုန်း တိမ်းမှောက်နစ်မြုပ်သွားတာပါ။ ဒီကိစ္စအပေါ် တောင်ကိုရီးယားနိုင်ငံမှာ အကြီးအကျယ်ဒေါသထွက်ခဲ့ကြပြီး သင်္ဘောပေါ်ပါတဲ့သူတွေကို ကယ်ဆယ်ရေးတွေမပြီးခင် သင်္ဘောကိုစွန့်ခွာခဲ့တဲ့ သင်္ဘောသားတွေကို အကြီးအကျယ်ဝေဖန်ခဲ့ကြပါတယ်။

သူ့အနေနဲ့ အစောကတည်းက ရာထူးကနုတ်ထွက်ချင်ပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေက ဦးစားပေးလုပ်ရမှာဖြစ်တဲ့အတွက် ရာထူးကမထွက်ခင် ကူညီချင်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG