သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားအတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်


ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် မစ္စတာ Sam Rainsy အား ထောက်ခံသူများက ဖနွမ်းပင်လေဆိပ်မှာ ကြိုဆိုနေစဉ်။ (သြဂုတ် ၁၆၊ ၂၀၁၃)
ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် မစ္စတာ Sam Rainsy အား ထောက်ခံသူများက ဖနွမ်းပင်လေဆိပ်မှာ ကြိုဆိုနေစဉ်။ (သြဂုတ် ၁၆၊ ၂၀၁၃)
ပြည်ပခရီးထွက်ခွာပြီးနောက် ကမ္ဘောဒီးယားနိုင်ငံကို ပြန်လာခဲ့တဲ့ အတိုက်အခံခေါင်းဆောင် Sam Rainsy ကို ထောင်ပေါင်းများစွာသော ထောက်ခံသူတွေက လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတခု လုပ်ဆောင်မယ့် အကြောင်း သူ့အပေါ် ထောက်ခံသူတွေကို ကတိပေးခဲ့ပါတယ်။

ကမ္ဘောဒီယား အမျိုးသားကယ်တင်ရေးပါတီ CNRP ခေါင်းဆောင် Sam Rainsy က ဖနွမ်းပင်လေဆိပ်မှာ သူ့ကို ကြိုဆိုနေတဲ့ လူအုပ်ကြီးကို အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့လည်း သူ အသိအမှတ်မပြုဘူးလို့ ပြောဆိုခဲ့ပါတယ်။

Mr.Raninsy ဟာ သူ့သမီး မင်္ဂလာဆောင်အတွက် အမေရိကန်ပြည်ထောင်စုမှာ သီတင်းတပတ်ကြာ ရောက်ရှိနေခဲ့တာပါ။ ဒီခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့လည်း သူ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံမှာ အချိန်အတော်ကြာ အုပ်ချုပ်လာခဲ့တဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ကသာ ဒီရွေးကောက်ပွဲတွေမှာ ပြန်အနိုင်ရခဲ့တာကြောင့် ဒီရွေးကောက်ပွဲတွေမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ပါဝင်တဲ့ သီးခြား စုံစမ်းစစ်ရေးအဖွဲ့ အစိုးရက လက်ခံဖို့ အတိုက်အခံ CNRP က တောင်းဆိုခဲ့တာပါ။

CPP ပါတီက လွှတ်တော်အမတ်နေရာ ၆၈ နေရာနဲ့ CNRP က ၅၅ နေရာ အသီးသီး အနိုင်ရခဲ့တယ်လို့ အစောပိုင်းမှာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းအရ လက်ရှိ အာဏာရပါတီအနေနဲ့ အရင်ရထားတဲ့ အမတ်နေရာတွေထဲက ၂၂ နေရာ လက်လွတ် ဆုံးရှုံးသွားတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG