သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Samsung က Apple ကို ဒေါ်လာသန်း ၁ ထောင်ကျော် လျော်ရမည်


အမေရိကန် နည်းပညာကုမ္ပဏီ Apple ရဲ့ ပြိုင်ဘက် တောင်ကိုရီးယားက Samsung Electronic ကုမ္ပဏီဟာ လက်ကိုင် မိုလ်ဘိုင်း ဖုန်းတွေနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်တော်တော်များများကို ချိုးဖောက်တယ်လို့ ဆိုပြီး Apple ကုမ္ပဏီ ကို နစ်နာကြေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ ထောင်ကျော် ပေးရမယ်လို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ Apple ရဲ့ နည်းပညာ တော်တော်များများကို သုံးခဲ့တယ်လို့ ဆိုပြီး သောကြာနေ့က ချခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် Samsung ကုမ္ပဏီ က အယူခံဝင်ဖို့ များပါတယ်။

ကမ္ဘာတဝန်း ရေပန်းစားတဲ့ Apple ကုမ္ပဏီ ထုတ် iPhone၊ iPad ပုံစံတွေကို Samsung ကုမ္ပဏီ က တရားမဝင် ပုံစံတူ ကူးယူပြီး Galaxy ဖုန်း တွေကို ဖန်တီး ထုတ်လုပ်ခဲ့တယ်လို့ Apple ကုမ္ပဏီ က စွပ်စွဲခဲ့ပါတယ်။ Apple ကုမ္ပဏီက iPhone အကြောင်း ၂၀၀၇ ခုနှစ်မှာ စတင်အသိပေး မိတ်မဆက်ခင် ၂၀၀၆ ခုနှစ်ကတည်းက သူ့ရဲ့ ကွန်ပျူတာလို သုံးနိုင်တဲ့ လက်ကိုင် Smart ဖုန်း တွေကို ထုတ်လုပ်နေတာ ဖြစ်တယ်လို့ Samsung ဘက်က ခြေပပြောဆိုခဲ့ပါတယ်။

Apple ကထုတ်တဲ့ iPhone တွေရော Samsung ကထုတ်တဲ့ Galaxy ဖုန်း တွေပါ ပုံစံတူ ဒေါင့်ကွေး လေးထောင့်ပုံတွေ ဖြစ်ကြပြီး ဖုန်းရဲ့ မျက်နှာပြင်ကို ထိနှိပ် အသုံးပြုရတဲ့ Touch Screen နည်းပညာကို သုံးထားတာ ဖြစ်ပါတယ်။ ဒီအမှုဟာ ထိပ်တန်း Electronic ကုမ္ပဏီကြီး နှစ်ခုကြား သန်းပေါင်းများစွာ လျော်ကြေးအတွက် တရားစွဲထားကြတဲ့ အမှုကြီးဖြစ်ပါတယ်။ လူတွေ့ရဲ့ နေ့တဓူဝနေမှု ထိုင်မှုမှာ အရေးပါတဲ့ အခန်းကနေ ပါလာနေတဲ့ အဓိက အရေးပါလာနေတဲ့ Smart ဖုန်းတွေရဲ့ ဈေးကွက် တန်ဖိုးက စုစုပေါင်း ဒေါ်လာ ဘီလျံ ၂၀၀ ကျော်ရှိတယ်လို့ လုပ်ငန်း သုံးသပ်သူတွေက ပြောပါတယ်။
XS
SM
MD
LG