သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကြက်သားစက်ရုံ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၁၉ ဦး သေဆုံး


တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ မွေးမြူရေးစက်ရုံ မီးလောင်ကျွမ်းခဲ့ရာမှာ သေဆုံးသူအရေအတွက် တိုးများလာနေတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၁၁၂ ယောက်အထိ ရှိသွားပြီလို့ ပြောပါတယ်။

မီးဟာ ဒဲယွေမြို့တော်အပိုင် မစ်ရှာဇီ မြို့နယ်အတွင်းမှာရှိတဲ့ ကြက်၊ ဘဲ သားသတ်ရုံအတွင်း တနင်္လာနေ့မနက် ၆ နာရီခန့်က စတင် လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ မီးသတ်ဌာနရဲ့ ပြောစကားကို ကိုးကားပြီး အစိုးရပိုင် ဆင်ဟွာသတင်းဌာန က ဖော်ပြထားပါတယ်။ ၆ နာရီလောက် မီးငြိမ်းသတ်ခဲ့ရပြီးတဲ့နောက် မီးညွန့် ကျိုးသွားတယ်လို့ ပြောပါတယ်။

ဒဏ်ရာရထားသူ ၅၀ ကျော်ကိုလည်း ဆေးရုံတင်ပြီး ကုသမှုပေးထားရတယ်လို့ ဆိုပါတယ်။

မီးလောင်ချိန်မှာ စက်ရုံအတွင်း အလုပ်သမား ၃၀၀ ကျော်ရှိနေပြီး အလုပ်သမား ၁၀၀ လောက်သာ ပြေးထွက်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မီးလောင်ချိန်မှာ စက်ရုံရဲ့ ဝင်းတံခါးဂိတ်တွေကို သော့ခတ်ထားတယ်လို့ ဆင်ဟွာသတင်းဌာနက ပြောပါတယ်။

စက်ရုံအတွင်းမှာ လူဘယ်နှစ်ယောက် ပိတ်မိနေတယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ သေဆုံးသူ ဦးရေဟာ တိုးလာနိုင်ဖွယ် ရှိတယ်လို့လည်း ပြောနေကြပါတယ်။
XS
SM
MD
LG