သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကော့တလန်ခွဲထွက်ရေး ရှုံးနိမ့်ဖွယ်ရှိ

1/12
အသေးစိတ် ဖတ်ရှုရန် Show less
2/12
အသေးစိတ် ဖတ်ရှုရန် Show less
3/12
အသေးစိတ် ဖတ်ရှုရန် Show less
4/12
အသေးစိတ် ဖတ်ရှုရန် Show less
5/12
အသေးစိတ် ဖတ်ရှုရန် Show less
6/12
အသေးစိတ် ဖတ်ရှုရန် Show less
7/12
အသေးစိတ် ဖတ်ရှုရန် Show less
8/12
အသေးစိတ် ဖတ်ရှုရန် Show less
9/12
အသေးစိတ် ဖတ်ရှုရန် Show less
10/12
အသေးစိတ် ဖတ်ရှုရန် Show less
11/12
အသေးစိတ် ဖတ်ရှုရန် Show less
12/12
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

စကော့တလန်နယ် ဗြိတိန်နိုင်ငံကနေ ခွဲထွက်ဖို့ လူထုဆန္ဒခံယူပွဲအတွက် မဲဆွယ်ပွဲနောက်ဆုံးရက်မှာ ထုတ်ပြန်လိုက်တဲ့ ပြည်သူ့သဘောထား ကောက်ယူချက် ၃ ခုအရ ခွဲမထွက်ရေး မဲပေးကြသူတွေ အားသာနေတာ တွေ့ရပါတယ်။

မဲဆန္ဒရှင် ၄၈% က ထောက်ခံမဲ ပေးမယ့်ပုံရှိပြီး မဲအများစု ၅၂% ကတော့ ဗြိတိသျှအစိုးရ လက်အောက်က ခွဲထွက်မှာကို သဘောမတူပါဘူး။

ကြာသပတေးနေ့ ဆန္ဒမဲပေးပွဲမတိုင်မီ နှစ်ဘက်လုံးက အပြိုင်အဆိုင် မဲဆွယ်နေကြပြီး၊ ဘယ်ဘက်ကို မဲပေးမလဲ မဆုံးဖြတ်ရသေးတဲ့ သူတွေကိုတောင် အိမ်တိုင်ရာရောက်သွားပြီးတောင် မဲဆွယ်နေကြပါတယ်။

ခွဲထွက်ရေးဆန့်ကျင်သူတွေက ဗြိတိန်နိုင်ငံကနေ ခွဲထွက်လိုက်ရင် စကော့တလန်ရဲ့ စီးပွားရေးကို ထိခိုက်ပြီး နှစ်ပေါင်း ၃၀၇ နှစ်ကြာ အင်္ဂလန်နဲ့ ပေါင်းစည်းမှု ပျက်ပြားရင်လည်း လူတိုင်းရဲ့ ဘဝတွေကို ထိခိုက်ကုန်မယ်လို့ ပြောနေကြတာပါ။

နှစ်ဘက်လုံးက နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကတော့ အစွမ်းကုန် မဲဆွယ်နေကြဆဲပါပဲ။ ဒီပွဲရဲ့ မဲအနိုင်အရှုံးကတော့ တဘက်နဲ့တဘက် သိပ်ကွာမှာ မဟုတ်ဘူးလို့ ဗြိတိသျှဝန်ကြီးချုပ် David Cameron က ခန့်မှန်းပါတယ်။

ရလဒ်က ဘာပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံပါ။ ဆန္ဒမဲနဲ့ ထုတ်ဖော်တဲ့ ပြည်သူ့သဘောထားကို အလေးအနက်ထားရမှာ ဖြစ်ပါတယ်လို့ the times သတင်းစာကို ဝန်ကြီးချုပ်က ပြောသွားပါတယ်။

XS
SM
MD
LG