သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်တောင်ပိုင်း အင်အားပြင်း ငလျင် ထပ်လှုပ်


ပြိုကျခဲ့တဲ့ နေအိမ်အဆောက်ဦး အပျက်စီးပုံထဲကနေ ကလေးငယ် တယောက်ကို ကယ်ထုတ်လာတာကို ရုပ်သံကပြသနေ။
ပြိုကျခဲ့တဲ့ နေအိမ်အဆောက်ဦး အပျက်စီးပုံထဲကနေ ကလေးငယ် တယောက်ကို ကယ်ထုတ်လာတာကို ရုပ်သံကပြသနေ။

ဂျပန်နိုင်ငံ တောင်ပိုင်းမှာ စနေနေ့ မနက် အစောပိုင်းက ဒုတိယ အကြိမ် အားပြင်း ငလျင် ထပ်ပြီး လှုပ်ခတ်ခဲ့တာမို့ အာဏာပိုင်တွေက ဆူနာမိ သတိပေးချက် ချက်ချင်း ထုတ်ပြန်လိုက်ပေမယ့် နောက်ပိုင်းမှာ ပြန်ပြီးရုပ်သိမ်းခဲ့ပါတယ်။ ဒေသစံတော်ချိန် မနက် တနာရီ ၂၅ မိနစ်မှာ Kumamoto မြို့နားမှာ ပြင်းအား ၇ ရှိတဲ့ ငလျင် လှုပ်ခတ် ခဲ့တာလို့ USGS အမေရိကန် ဘူမိစူးစမ်းရေးအဖွဲ့က ပြောပါတယ်။

ကြာသပတေးနေ့က တိုကျိုမြို့အနောက်တောင်ဘက် ကီလိုမီတာ ၁၃၀၀ လောက် အကွာမှာရှိတဲ့ ကျူရှုးကျွန်းပေါ်က မြို့အနီးမှာ ပြင်းအား ၆.၅ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာပါ။ ဂျပန်မိုးလေဝဿ ဌာနက ကျူးရှုှုး အနောက်ဖက် ကမ်းရိုးတန်းအတွက် ဆူနာမိသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။

ငလျင်ဒဏ်ခံခဲ့ရတဲ့ နေရာမှာ ပုံမှန်ပြန်ဖြစ်စေဖို့ ဒေသခံတွေက လုပ်ဆောင် နေသလို ရာနဲ့ချီတဲ့ ကယ်ဆယ်ရေး လုပ်သားတွေက အပျက်အစီးပုံတွေထဲ မှာ ရှာဖွေကယ်ဆယ်ရေး အတွက် ကြိုးစား နေတုန်းမှာပဲ အခုလို နောက်တချီ ထပ်ပြီး လှုပ်ခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ မမျှော်လင့်ပဲ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အဆောက်အဦးတွေ ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတော့ ၈၀၀ ကျော်ရှိနေပါတယ်။ ဒီငလျင်ဒဏ်သင့်တဲ့ ဒေသ ပြန်လည် ထူထောင်ရေး အတွက် ရဲ ၂၀၀၀ လောက်နဲ့ မီးသတ်သမား ၁၃၀၀ အပြင် စစ်သား ၁၆၀၀ လည်း ကယ်ဆယ်ရေးတွေ လုပ်နေကြတယ်လို့ အစိုးရ ပြောခွင့်ရ Yoshihide Suga ကပြောပါတယ်။

ပြိုကျခဲ့တဲ့ နေအိမ်အဆောက်ဦး အပျက်စီးပုံထဲကနေ ကလေးငယ် တယောက်ကို ကယ်ထုတ်လာတာကိုတော့ ရုပ်သံတွေမှာ ပြသနေပါတယ်။ ကြာသပတေးနေ့ က ပြင်းအား ၆.၅ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီးချိန်က စလို့ နောက်ဆက်တွဲ ငလျင်ပေါင်း တရာကျော် ထပ်ပြီး လှုပ်ခဲ့တာပါ။

နေအိမ်တွေက ထွက်ပြေးလာခဲ့ကြပြီး ယာယီစခန်းတွေမှာ ညဖက် လာရောက်နားခိုတဲ့ ဒေသခံက ၄ သောင်း ၄ ထောင်လောက်ရှိတယ်လို့ Kumamoto မြို့က တာဝန်ရှိသူတဦးက ပြောပါတယ်။ တချို့နေရာတွေ မှာ ရေပေးဝေမှု ပြတ်တောက် ခဲ့တာမို့ ဒေသခံတွေဟာ သူတို့ အိမ်တွေမှာသုံးဖို့ ရေကို အဲဒီမှာရှိတဲ့ ရုံးတွေကနေ ယူကြရတာပါ။

ပထမ လှုပ်ခဲ့တဲ့ ငလျင်ရဲ့ ဗဟိုချက်ဟာ ဂျပန်မှာ လည်ပါတ်နေတဲ့ တခုတည်းသော နျူကလီယာဓါတ်အားပေးစက်ရုံရဲ့ အရှေ့မြောက်ဖက်က ကီလိုမီတာ ၁၂၀ လောက်အကွာမှာ လှုပ်ခဲ့တာလို့ ပြောခွင့်ရ Suga ကပြောပါတယ်။ ဂျပန်နိုင်ငံမှာ ၂၀၁၁ ငလျင်နဲ့အတူ ဆူနာမိရေလှိုင်းတွေရဲ့ ဒဏ်ခံရပြီးတဲ့နောက်မှာ နျူကလီယား ဓါတ်ပေါင်းဖို အများစုကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG