သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ ဆီးရီးယားကို နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီ သတိပေး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (၂၅၊ ၀၂၊ ၂၀၁၃)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (၂၅၊ ၀၂၊ ၂၀၁၃)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က အီရန်နဲ့ ဆီးရီးယား အစိုးရတွေ အနေနဲ့ အပြောင်းအလဲ မလုပ်နိုင်ရင် နောက် ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေး ပြောဆို လိုက်ပါတယ်။

ဝန်ကြီး ဂျွန် ကယ်ရီ ဟာ သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် တထောက် အဖြစ် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ရပ်နားခဲ့ပြီးတော့ မကြာသေးခင်က ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ် (William Hague) နဲ့ တွေ့ဆုံပါတယ်။

တနင်္လာနေ့မှာတော့ ဗြိတိန်နိုင်ငံမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီး ကယ်ရီ က မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။ အဲ့ဒီ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံအနေနဲ့ ဆီးရီးယားနဲ့ အီရန် နိုင်ငံတွေမှာ နျူကလီးယား လက်နက် ရယူဖို့ သဘောတူမှာ မဟုတ်ဘဲ သံတမန်ရေး အရ ဖြေရှင်းဖို့ အချိန်ဟာလည်း မကြာခင် ကုန်ဆုံးတော့မှာ ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

မကြာသေးခင်တုန်းက ဆီးရီးယား အစိုးရက အလက်ပိုမြို့တော်မှာ ဗုံးကြဲ တိုက်ခိုက်မှုကို ဝန်ကြီး ကယ်ရီ က ရှုံ့ချ ပြောဆိုပြီး၊ ဆီးရီးယား ပြည်သူတွေဟာ သမ္မတ ဘက်ရှာ အဲလ် အာဆတ် (Bashar al-Assad) လက်အောက်မှာ လက်ရှိ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ ကြောက်မက်ဖွယ်ရာ အကြမ်းဖက် မှုတွေကို ခံစားဖို့ မထိုက်တန်ဘဲ ဒီ့ထက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေး အခြေအနေနဲ့ အစိုးရတွေကိုသာ ထိုက်တန်တယ်လို့ ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG