မြန်မာ

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပေါ့စနာ မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေး

၂၀၁၁ နိုဝင်ဘာလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ၀န်ကြီး ပေါ့စနာ လာရောက် လည်ပတ်စဉ်၂၀၁၁ နိုဝင်ဘာလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ၀န်ကြီး ပေါ့စနာ လာရောက် လည်ပတ်စဉ်
x
၂၀၁၁ နိုဝင်ဘာလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ၀န်ကြီး ပေါ့စနာ လာရောက် လည်ပတ်စဉ်
၂၀၁၁ နိုဝင်ဘာလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ၀န်ကြီး ပေါ့စနာ လာရောက် လည်ပတ်စဉ်

မီဒီယာ

အသံ
TEXT SIZE - +
ဗွီအိုအေ(မြန်မာဌာန)
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်လ် ပေါ့စနာ (Michael H. Posner) နဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လူထုအခြေပြု အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
 
ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ မစ္စတာ ပေါ့စနာ နဲ့အဖွဲ့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပြီးတော့ နောက်ပိုင်းမှာ သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ၀န်ကြီး ဦးစိုးသိန်း၊ ရှေ့နေချုပ် ဦးထွန်းရှင်၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနဲ့ တခြား အဆင့်မြင့် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
 
ဆွေးနွေးပွဲမှာ မကြာသေးခင်က ကြေညာလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားများကိစ္စ ပြန်လည် သုံးသပ်ရေး၊ ဘာသာရေး လွတ်လပ်ခွင့်နဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ လွတ်လပ်ခွင့်၊ လက်ရှိ လူ့အခွင့်အရေး အနေအထားနဲ့ ပဋိပက္ခတွေ ဖြစ်ပွား နေတဲ့ ဒေသတွေရဲ့ အခြေအနေတွေ အပါအ၀င် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတုန်းက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ မြန်မာပြည် ခရီးစဉ်အပြီး လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေး ပြောဆိုမှုတွေအတွက် ဆက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
 
အမေရိကန် မြန်မာ နှစ်နိုင်ငံကြား လူ့အခွင့်အရေး ဆွေးနွေးမှု နောက်ဆက်တွဲအဖြစ် သမ္မတ အိုဘားမား ရဲ့ ပထမဆုံး မြန်မာခရီးစဉ် အတွင်းမှာ မြန်မာအစိုးရက အရေးပါတဲ့ လူ့အခွင့်အရေး ဆိုင်ရာ အချက်အလက်တွေကို ဆောင်ရွက်ဖို့ ကတိပြုခဲ့ပါတယ်။

အပတ်စဉ် တီဗွီမဂ္ဂဇင်း

Loading
๑๒:๐๐:๐๐ / -:--:--
တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းများ၊ အမေရိကန်နိုင်ငံရောက် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ တွေ့ဆုံမေးမြန်းခန်းနဲ့ နိုင်ငံတကာ နဲ့ Hollywood ထင်ပေါ်ကျော်ကြား အနုပညာရှင်များအကြောင်း သက်တန့်ရောင်သတင်လွှာ ...

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Loading
๑๒:๐๐:๐๐ / -:--:--