သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပေ့ါစနာ မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေး


၂၀၁၁ နိုဝင်ဘာလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ဝန်ကြီး ပေါ့စနာ လာရောက် လည်ပတ်စဉ်
၂၀၁၁ နိုဝင်ဘာလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ဝန်ကြီး ပေါ့စနာ လာရောက် လည်ပတ်စဉ်
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်လ် ပေါ့စနာ (Michael H. Posner) နဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လူထုအခြေပြု အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ မစ္စတာ ပေါ့စနာ နဲ့အဖွဲ့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပြီးတော့ နောက်ပိုင်းမှာ သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ဝန်ကြီး ဦးစိုးသိန်း၊ ရှေ့နေချုပ် ဦးထွန်းရှင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ တခြား အဆင့်မြင့် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ မကြာသေးခင်က ကြေညာလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားများကိစ္စ ပြန်လည် သုံးသပ်ရေး၊ ဘာသာရေး လွတ်လပ်ခွင့်နဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ လွတ်လပ်ခွင့်၊ လက်ရှိ လူ့အခွင့်အရေး အနေအထားနဲ့ ပဋိပက္ခတွေ ဖြစ်ပွား နေတဲ့ ဒေသတွေရဲ့ အခြေအနေတွေ အပါအဝင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတုန်းက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ မြန်မာပြည် ခရီးစဉ်အပြီး လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေး ပြောဆိုမှုတွေအတွက် ဆက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် မြန်မာ နှစ်နိုင်ငံကြား လူ့အခွင့်အရေး ဆွေးနွေးမှု နောက်ဆက်တွဲအဖြစ် သမ္မတ အိုဘားမား ရဲ့ ပထမဆုံး မြန်မာခရီးစဉ် အတွင်းမှာ မြန်မာအစိုးရက အရေးပါတဲ့ လူ့အခွင့်အရေး ဆိုင်ရာ အချက်အလက်တွေကို ဆောင်ရွက်ဖို့ ကတိပြုခဲ့ပါတယ်။
XS
SM
MD
LG