သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးရွှေမန်းကိုဖြုတ်ချပုံ ကန် ဆီးနိတ် ခေါင်းဆောင် စိုးရိမ်


သူရဦးရွှေမန်း။
သူရဦးရွှေမန်း။

သူရဦးရွှေမန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး USDP ပါတီဥက္ကဋ္ဌ အဖြစ်ကနေ ဖြုတ်ချလိုက်တာနဲ့ ဆိုင်တဲ့ အခြေအနေ တွေဟာ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးပေါ် ထောက်ခံသူတွေ အတွက် ပြန် စဉ်းစားစရာဖြစ်တယ် လို့ အမေရိကန် အထက် လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က သြဂုတ်လ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် တခုထဲမှာ ပြောထားပါတယ်။

တခြားနိုင်ငံရေးပါတီတွေလိုပဲ USDP အနေနဲ့ ပါတီခေါင်းဆောင်ကို ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပေမဲ့ ပါတီတာဝန်ရှိသူတဦးကို ရာထူးကဖြုတ်ချဖို့ ကြိုးပမ်းတာမှာ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍ ပါဝင်တယ်ဆိုတာက အထူးသဖြင့် မြန်မာနိုင်ငံ ရဲ့ သမိုင်းကြောင်းအရ အထူးပဲ စိုးရိမ်စရာဖြစ်တယ်လို့ မစ္စတာ မက်ကွန်းနဲလ်က ပြောထားပါတယ်။

တကယ့်ကိုပဲ ပါတီတွင်းကိစ္စဖြစ်ပုံရတဲ့ အခြေအနေတရပ်မှာ လုံခြုံရေးတပ်ဖွဲ့တွေ ဘာ့ကြောင့်ပါရတယ်ဆိုတာ မြန်မာအစိုးရအနေ နဲ့ ရှင်းပြဖို့ မစ္စတာမက်ကွန်းနဲလ်က တိုက်တွန်းထားပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေဟာ လာမယ့်ရွေးကောက်ပွဲတွေကို ကျင်းပမယ့်ပုံစံအပေါ် စိုးရိမ်မှုတွေ တိုးလာစေတယ်လို့လည်း အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် မစ်ချ် မက်ကွန်းနဲလ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG