သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအတိုက်အခံတွေ နိုင်ငံတကာညီလာခံ တက်ဖို့ ဆုံးဖြတ်


ဆီးရီးယား အမျိုးသား ညွန့်ပေါင်းအဖွဲ့ အကြီးအကဲ အာမက် အဲလ် ခါတစ် (နိုဝင်ဘာ ၂၀၁၂)
ဆီးရီးယား အမျိုးသား ညွန့်ပေါင်းအဖွဲ့ အကြီးအကဲ အာမက် အဲလ် ခါတစ် (နိုဝင်ဘာ ၂၀၁၂)
ဒီသီတင်းပတ်အတွင်း အီတလီ နိုင်ငံမှာ ကျင်းပမယ့် ဆီးရီးယား အရေး နိုင်ငံတကာ ညီလာခံကို တက်ရောက်မှာ ဖြစ်တယ်လို့ ဆီးရီးယား အတိုက်အခံတွေက ပြောဆိုလိုက်ပါတယ်။

ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တခြားနိုင်ငံတွေက ထိထိရောက်ရောက် ပါဝင် ဆောင်ရွက်ခြင်း မရှိဘူးလို့ သတ်မှတ်ခဲ့တာကြောင့် အရင်တုန်းက အတိုက်အခံတွေက သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ပြီး ညီလာခံကို တက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဆီးရီးယား အမျိုးသား ညွန့်ပေါင်းအဖွဲ့ အကြီးအကဲ အာမက် အဲလ် ခါတစ် (Ahmad al-Khatib) က တနင်္လာနေ့က Facebook လူမှု ဆက်သွယ်ရေး ကွန်ရက် ကတဆင့် ကြေညာချက်မှာ ကြာသပတေးနေ့ ကျင်းပမယ့် ဆီးရီးယား မိတ်ဆွေများ နိုင်ငံတကာ ညီလာခံကို တက်ရောက်ဖို့ အတိုက်အခံ အဖွဲ့ဝင်တွေ အားလုံး တိုင်ပင် ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ကလည်း မနေ့ကပဲ ဆီးရီးယား အတိုက်အခံတွေကို ညီလာခံတက်ဖို့ ဆော်သြခဲ့ပါသေးတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ် (William Hague) နဲ့ လန်ဒန်မှာ ပူးတွဲ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဆီးရီးယား နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတဲ့အတွက် ဒါဟာ သမ္မတ ဘက်ရှာ အဲလ် အာဆတ် (Bashar al-Assad) အနေနဲ့ ရာထူးက နှုတ်ထွက်ဖို့ လိုအပ်နေပြီ ဆိုတာကို သက်သေပြနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ က ပြောလိုက်ပါတယ်။

ဆီးရီးယား နိုင်ငံမှာ မဆင်မခြင် သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ် ဆိုပြီးတော့လည်း ဂျွန် ကယ်ရီ က ပြင်းပြင်းထန်ထန် ဝေဖန် ရှုံ့ချလိုက်ပါတယ်။
XS
SM
MD
LG