သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြို ၇၀ ကျော်သေဆုံး


ဧပြီလ ၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြိုကျခဲ့တဲ့ အထပ် ၈ ထပ် အဆောက်အဦးပုံ
ဧပြီလ ၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြိုကျခဲ့တဲ့ အထပ် ၈ ထပ် အဆောက်အဦးပုံ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့စွန်က စီးပွားရေးလုပ်ငန်းတွေရှိရာ အထပ် ၈ ထပ်ရှိတဲ့ အဆောက်အဦးတခု ပြိုကျမှုမှာ လူ ၇၀ ထက်မနည်း သေဆုံးပြီး၊ ရာဂဏန်းချီ ဒဏ်ရာတွေရခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။

Savar အရပ်မှာရှိတဲ့ Rana Plaza ကုန်တိုက်ရဲ့ အပြိုအပျက်တွေကြားမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ဖို့လည်း အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေ ဆက်လက် တူးဖော်ရှာဖွေ နေကြတာပါ။

ပြိုကျသွားတဲ့ ကုန်တိုက်မှာတော့ ဘဏ်တခု၊ အထည်ချုပ် စက်ရုံနဲ့ တခြားဈေးဆိုင် အတော်များများ ရှိပါတယ်။ ဒက္ကာမြို့တော်နဲ့ အနီးအနားမှာ ရှိကြတဲ့ အဆောက်အဦးတွေဟာ မကြာခဏဆိုသလို ဆောက်လုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း မလိုက်နာဘဲ တည်ဆောက်ထားလေ့ ရှိတတ်ပါတယ်။

အခုနောက်ဆုံး ကုန်တိုက်ပြိုကျခဲ့တဲ့ အရပ်မှာပဲ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက အထည်ချုပ် စက်ရုံတခု ပြိုကျမှုမှာ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ အထည်ချုပ်စက်ရုံ မီးလောင်မှု ကြုံခဲ့ရတုန်းကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံတွေအပေါ် ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့ပါတယ်။

လုပ်သားအင်အား ပေါပြီး ဈေးချိုတဲ့အတွက် နိုင်ငံတကာက နာမည်ကြီး ကုမ္ပဏီတွေအတွက် ဈေးပေါတဲ့ အဝတ်အထည်တွေကို တင်ပို့နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာ့ဈေးကွက်မှာ ဒုတိယနေရာ ယူထားတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG