သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

iPhone ဘက် ထိပ်တန်း နည်းပညာ ကုမ္ပဏီတွေ ရပ်တည်


APPLE ကုမ္ပဏီအရောင်းဆိုင်၊ နယူးယောက်။
APPLE ကုမ္ပဏီအရောင်းဆိုင်၊ နယူးယောက်။

လူအများအပြားကို သေနတ်နဲ့ပစ်သတ်ခဲ့သူလို့ သံသယရှိထားသူတဦး သုံးခဲ့တဲ့ iPhone ကို ဖွင့်လို့ရတဲ့ ဆော့ဖ်ဝဲတခု ရေးပေးဖို့ FBI က တောင်းဆိုထားတာကို Apple ကုမ္ပဏီဘက်က ငြင်းနေတဲ့အပေါ် အမေရိကန်နည်းပညာကုမ္ပဏီကြီး အများအပြားက အခု ထောက်ခံလာကြပါတယ်။

Google, Facebook, Microsoft နဲ့ Yahoo ကုမ္ပဏီတွေက Apple ကိုထောက်ခံတဲ့ကြောင်းပြတဲ့ ဥပဒေကြောင်း တင်ပြချက်တွေ ကို ကြာသပတေးနေ့က တင်သွင်းခဲ့ကြတာပါ။

Syed Farook အသုံးပြုခဲ့တဲ့ iPhone ကို ဖွင့်ပေးနိုင်မယ့် ဆော့ဖ်ဝဲအသစ်တခုကို Apple ကရေးပေးဖို့ FBI က လိုလားနေတာပါ။ Syed Farook ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက ကာလီဖိုးနီးယားပြည်နယ်၊ San Bernardino မြို့မှာ လူ ၁၄ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့သူတဦးဖြစ်ပါတယ်။

iPhone ရဲ့လုံခြုံရေးအကာအကွယ်ကို ချိုးဖောက်ဝင်နိုင်မယ့် ဆော့ဖ်ဝဲ ကို ရေးမယ်ဆိုရင် iPhone လို ပစ္စည်းအမျိုးမျိုးအတွက် အန္တရာယ်ရှိနိုင်သလို ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ဆိုင်ရာ စိုးရိမ်ချက်တွေလည်း ရှိနေတယ်လို့ဆိုပြီး FBI ရဲ့ပန်ကြားချက်ကို Apple က ငြင်းထားတာပါ။

San Bernardino မြို့ တိုက်ခိုက်မှုမှာ သေဆုံးသွားသူတွေ ရဲ့ ဆွေမျိုးသားချင်း ခြောက်ဦးက အမေရိကန်တရားရေးဌာနကို ထောက်ခံတဲ့အနေနဲ့ ကြာသပတေးနေ့မှာပဲ ဥပဒေကြောင်းတင်ပြချက်တွေကို တင်သွင်းခဲ့ကြပါတယ်။

XS
SM
MD
LG