သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာညီလာခံ


ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာညီလာခံကို နာမည်ကြီး ရုပ်ရှင်မင်းသမီးလည်းဖြစ်၊ ကုလသမဂ္ဂ အထူးကိုယ်စားလုှယ်လည်းဖြစ်တဲ့ အိန်ဂျလီနာ ဂျိုလီနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဟိတ် တို့ ကြီးမှူးပြီးတော့ လန်ဒန်မှာ ဂျွန်လ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ နိုင်ဂျီးရီးယားမိန်းကလေးငယ် ၂၀၀ ကျော် ပြန်ပေးဆွဲခံရတာ၊ ပါကစ္စတန် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ခဲပေါက် အသတ်ခံခဲ့ရတာ၊ အိန္ဒိယမှာ မိန်းကလေးငယ်တွေ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ လောလောဆယ် ဖြစ်ရပ်တွေအပြီး အခုလို ညီလာခံကို ပထမဦးဆုံး ကျင်းပတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ စစ်မက်ဖြစ်ပွားမှုတွေအတွင်း အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုတွေ ပပျောက်ရေး ကြိုးပမ်းတဲ့ ဒီညီလာခံကို မြန်မာနိုင်ငံကလည်း တက်ရောက်ခဲ့ပါတယ်။ အပြည့်အစုံကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။
XS
SM
MD
LG