သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ရွေးကောက်ပွဲအနိုင်ရ


၀န်ကြီးချုပ်ဟောင်း Nawaz Sharif
၀န်ကြီးချုပ်ဟောင်း Nawaz Sharif
ပါကစ္စတန်နိုင်ငံမှာ စနေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက မဲအားလုံးနီးပါး ရေတွက် ပြီးချိန်မှာတော့ အရင် ဝန်ကြီးချုပ်ဟောင်း နဝပ် ရှရစ်ဖ် (Nawaz Sharif) ရဲ့ ပါကစ္စတန် မူဆလင်အဖွဲ့ချုပ်ပါတီက မဲအများဆုံး ရနေတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲကော်မရှင်က အင်္ဂါနေ့ ထုတ်ပြန်ချက်အရ မဲအများစု ရနေတာမို့ မစ္စတာ ရှရစ်ဖ်ရဲ့ ပါတီက လွှတ်တော်မှာ အမတ်အများစု ရဖို့ ရှိနေပြီး သူကတော့ ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်မြောက် ဆက်ခံရဖို့ ရှိနေပါတယ်။

မစ္စတာ ရှရစ်ဖ်ရဲ့ပါတီက အမတ်နေရာ ၂၇၂ နေရာမှာ ၁၂၃ နေရာ ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။ ဒါ့ကြောင့် မစ္စတာ ရှရစ်ဖ်ရဲ့ပါတီက အများစု အမတ်နေရာရဖို့ တသီးပုဂ္ဂလ အဖွဲ့လေးတွေရဲ့ ပံ့ပိုးမှုလောက်ပဲ လိုအပ်မယ့် အနေထား ရှိနေပါတယ်။

ပါကစ္စတန် ပြည်သူ့ပါတီက အမတ်နေရာ ၂၁ နေရာပဲ ရပါတယ်။ နာမည်ကျော် Cricket ကစားသမား အင်မ်ရန် ခန်း (Imran Khan) ရဲ့ ပါတီကတော့ အမတ်နေရာ ၂၆ နေရာနဲ့ တတိယမဲ အများဆုံး ရနေပါတယ်။
XS
SM
MD
LG