သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sierra Leone မှာ အီဘိုလာရောဂါသည်တွေ ရှာဖွေရေးပြုလုပ်


အီဘိုလာရောဂါသည်တွေ လိုက်ရှာဖွေနေတဲ့အတွက် လူသူကင်းမဲ့နေတဲ့ Sierra Leone မြို့တော်လမ်းမ။ စက်တင်ဘာ ၁၉၊ ၂၀၁၄။
အီဘိုလာရောဂါသည်တွေ လိုက်ရှာဖွေနေတဲ့အတွက် လူသူကင်းမဲ့နေတဲ့ Sierra Leone မြို့တော်လမ်းမ။ စက်တင်ဘာ ၁၉၊ ၂၀၁၄။

Sierra Leone နိုင်ငံမှာ ပုန်းအောင်းနေကြတဲ့ အီဘိုလာရောဂါသည်တွေကို အစိုးရက လိုက်လံ ရှာဖွေ ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့အတွက် မြို့တော်ရဲ့ လမ်းမတွေဟာ သောကြာနေ့က လူသူ ကင်းမဲ့နေပါတယ်။

အီဘိုလာရောဂါပိုး မကူးစက်အောင် ဘယ်လို ရှောင်ရှားသင့်တယ် ဆိုတာအသိပေး ပြောကြားပြီး ရောဂါပိုး ကူးစက်နေသူ ဝေဒနာရှင်တွေအနေနဲ့လည်း ကုသရေးဌာနတွေကို လာရောက် ကုသလမှုခံယူကြဖို့အတွက် ထောင်နဲ့ချီတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ တအိမ်တက်ဆင်း လိုက်လံ ဟောပြောနေကြပါတယ်။

အရေးကြီးတဲ့အချိန်မှာ လုပ်သင့်တာ လုပ်ဖို့ လိုအပ်တဲ့အတွက် တိုင်းသူ ပြည်သားတွေ အနေနဲ့ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ အပြင်ကို မထွက်ပဲ အိမ်ထဲမှာပဲ နေပေးကြဖို့ Sierra Leone သမ္မတ Ernets Bai Koroma က ရုပ်မြင်သံကြားကတဆင့် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်ဆောင်မှုက ဖရိုဖရဲ ဖြစ်စေပြီး ထိရောက်မှုလည်း ရှိမှာမဟုတ်ဘူး လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

အီဘိုလာ ရောဂါကြောင့် Sierra Leone နိုင်ငံမှာ သေဆုံး ၅၆၀ အပါအဝင် အနောက်အာဖရိကနိုင်ငံတွေမှာ လူပေါင်း ၂၆၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အိမ်နီးချင်း Guinea နိုင်ငံ အရှေ့တောင်ပိုင်း ဒေသမှာလည်း အီဘိုလာ ဗိုင်းရပ်စ်ပိုးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ လိုက်လံ ဆောင်ရွက်နေသူ ၈ ဦးကို ဒေသခံတွေက သတ်ဖြတ်ပစ်ခဲ့ကြပါတယ်။

XS
SM
MD
LG