သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာဂူဆန် Old Trafford ကို နှုတ်ဆက်


Man-U နည်းပြ Sir Alex Ferguson (ယာ)
Man-U နည်းပြ Sir Alex Ferguson (ယာ)
အင်္ဂလန်ပရီမီယာလိဂ် ဘောလုံးပွဲတွေမှာတော့ မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ နည်းပြအဖြစ်နဲ့ အိုးလ်ထရက်ဖို့ဒ် ပရိသတ်တွေကို တနင်္ဂနွေနေ့က နှုတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ဆွမ်စီးနဲ့ ကစားတဲ့ပွဲဟာ ဆာအဲလက်စ် အတွက် အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ နောက် ဆုံးပွဲပါ။ အဲဒီပွဲမှာ ၂ သင်းစလုံးက ကစားသမားတွေက အရင် ထွက်လာခဲ့ပြီးတော့ ဖာဂူဆန်ကို Guard of Honour ပေးပြီး ဂုဏ်ပြုခဲ့ကြသလို အိုးလ်ထရက်ဖို့ တကွင်းလုံးမှာရှိတဲ့ ပရိသတ်တွေအားလုံးကလည်း အလံတွေ ဝှေ့ ယမ်းပြီး၊ သီချင်းတွေ သံပြိုင်သီဆိုပြီး ဖာဂူဆန်ကို နောက်ဆုံး နှုတ်ဆက်ခဲ့ကြပါ တယ်။ ဒီပွဲမှာ မန်ယူအသင်းက ဆွမ်စီးအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပြီး ဖာဂူဆန်ရဲ့ အိုးလ်ထရက်ဖို့ဒ် နောက်ဆုံးပွဲကို အနိုင်နဲ့ အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။

မန်ယူအတွက် ဂိုးတွေကို တိုက်စစ်မှူး ချီချာရီတို နဲ့ ဖာဒီနန်တို့က သွင်းပေးခဲ့တာပါ။ ဒီပွဲမှာ ဖာဂူဆန်အတွက် အိုးလ်ထရက်ဖို့မှာ နောက်ဆုံးပွဲဖြစ်သလို မန်ယူကွင်းလယ် ကစားသမား ပေါလ်စခိုးလ်အတွက်လည်း နောက်ဆုံးနှုတ်ဆက်ပွဲလည်းဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ လွန်ခဲ့တဲ့ နှစ် ၂၀ က ပရီမီယာလိဂ်ဖလားကို ပထမဆုံးအကြိမ် မန်ယူ အသင်းအတွက် ကိုင်မြှောက်ပေးခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ၂ ယောက် စတိဗ်ဘရုစ်နဲ့ ဘရိုင်ယန်ရော့်ဘ်ဆင်တို့က ပရီမီယာလိဂ်ဖလားကို ကွင်းထဲကို သယ်လာပေးခဲ့ပါတယ်။ နောက်ဆုံးမှာ လက်ရှိအသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ဗီဒစ် နဲ့ အယ်ဗရာတို့က ဖာဂူဆန်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပရီမီယာလိဂ်ဖလားကို ဆာအဲလက်ဖာဂူဆန် အရင်ဆုံးကိုင်မြောက်စေပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။

စနေနေ့က ကစားတဲ့ တခြားပွဲတွေမှာတော့ အဲဗာတန်က ဝက်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးး နဲ့ နိုင်ခဲ့သလို၊ နယူးကာဆယ်ကလည်း QPR ကို ၂ ဂိုး ၁ ဂိုး ၊ တော့တင်ဟမ်က စတုတ်ခ်စီးတီးကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။
XS
SM
MD
LG