သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ်အကြမ်းဖက်မှု ဆက်စပ် လူ ၆ ဦးဖမ်းထား


 ပဲရစ်မြို့တော်တိုက်ခိုက်မှုအပြီး လုံခြုံရေးတင်းကျပ်။
ပဲရစ်မြို့တော်တိုက်ခိုက်မှုအပြီး လုံခြုံရေးတင်းကျပ်။

သောကြာနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာတိုက်ခိုက်မှုတွေလုပ် ခဲ့တဲ့ အကြမ်းဖက်သမားတွေထဲက သေနတ်သမား ၁ ယောက်နဲ့ နီးစပ်တဲ့ လူ ၆ ယောက်ကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်၊ ဖမ်းလိုက်တဲ့လူတွေထဲမှာ အကြမ်းဖက်သမား Omar Ismail Mostefai ရဲ့အဖေ၊ အကို နဲ့ ခယ်မတို့ပါတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

Mostefai ဟာ ပဲရစ်မြို့တော်တလွှားမှာ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်းသေဆုံးခဲ့သူ အကြမ်းဖက်သမား ၇ ယောက်ထဲက ၁ ယောက်ဖြစ်ပါတယ်။
Mostefai ဟာ အသေးစား ရာဇဝတ်မှုတွေကို ကျူးလွန်ဖူးသူအဖြစ်ပဲ ရဲတပ်ဖွဲ့ကသိထားပေမဲ့ စုံစမ်းစစ်ဆေးမှု တခုခု ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတာမျိုး သိမထားဘူးလို့ ပြင်သစ်အစိုးရရှေ့နေတဦး ဖြစ်တဲ့ Francois Molins ကပြောပါတယ်။

အကြမ်းဖက်သမား ၁ ယောက်ရဲ့ အလောင်းနားမှာ သိမ်းဆည်းရမိတဲ့ ဆီးရီးယားနိုင်ငံကူးလက်မှတ် ကြောင့် အဲဒီအကြမ်းဖက်သမားဟာ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ဥရောပကို အလုံးအရင်းနဲ့ ပြောင်းရွှေ့ဝင်ရောက်လာသူတွေထဲက ဖြစ်နိုင်တယ်ဆိုတဲ့သံသယပိုများလာတယ်လို့ ပြင်သစ် အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောဆိုပါတယ်။

ဒီဆီးရီးယား နိုင်ငံကူးလက်မှတ်ပိုင်ရှင် ဟာ ဥရောပသမ္မဂ္ဂစည်းမျဉ်းသတ်မှတ်ချက်အရ October လ ၃ ရက်နေ့က Leros ရဲ့ ဂရိကျွန်းနိုင်ငံ ကိုဖြတ်ပြီး ဝင်ရောက်သူဖြစ်တယ်လို့ အတည်ပြုနိုင်တဲ့ အကြောင်း နိုင်ငံသားအကာအကွယ်ပေးရေးဆိုင်ရာဂရိဝန်ကြီး Nikos Toskas ကပြောဆိုပါတယ်။

XS
SM
MD
LG