သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က အလိုရှိနေသူ Snowden ရုရှားမှာ ခိုလှုံခွင့်လျှောက်


ရုရှား လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက်က အမေရိကန်က အလိုရှိနေတဲ့ အက်ဝပ် စနိုဒန် (Edward Snowden) က နိုင်ငံရေး ခိုလှုံခွင့် တောင်းခံတဲ့အကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။

အက်ဝပ် စနိုဒန် (Edward Snowden) နဲ့အတူ ခရီးသွားနေတဲ့ WikiLeaks တက်ကြွလှုပ်ရှားသူတစ်ယောက်က စနိုဒန်ရဲ့ လျှောက်လွှာကို Sheremetyevo လေဆိပ်မှာ ရုရှားကောင်စစ်ဝန်ကို ပေးအပ်ခဲ့ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောခဲ့တာပါ။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က သူ့နိုင်ငံအနေနဲ့ စနိုဒန့်ရဲ့ အရင် ဘယ်တုန်းကမှလည်း တရားခံကို လွဲှပြောင်းပေးတာမျိုး မလုပ်ခဲ့ကြောင်းနဲ့ နောက်ပြီး တကယ်လို့ စနိုဒန့်အနေနဲ့ ရုရှားနိုင်ငံမှာ နေချင်ရင် အခုလို သတင်းတွေ ဖွင့်ချနေတာကို ရပ်တန့်ရမယ်လို့ ပြောလိုက်ပါတယ်။ စနိုဒန်အနေနဲ့ ရုရှားမှာ နေချင်ရင် နေနိုင်ကြောင်း ဒါပေမဲ့ အခုလို ရုရှားရဲ့မိတ်ဆွေ အမေရိကန်အစိုးရကို နစ်နာစေမယ့် သတင်းတွေ ဖွင့်ချနေတာကို ရပ်တန့်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ မစ္စတာ စနိုဒန်အနေနဲ့ သူ့လုပ်ရပ်ကို ရပ်ဆိုင်းမယ့် အရိပ်အယောင် မတွေ့ရဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရက အလိုရှိနေတဲ့ အပြစ်ကျူးလွန်သူ ရာဇဝတ်သား စနိုဒန်နဲ့ လက်တွဲလုပ်ကိုင်ဖို့ရာလည်း မရှိဘူးလို့ ဆိုပါတယ်။

စနိုဒန် ဟာ အခု ရုရှားလေဆိပ်မှာရှိတဲ့ ခရီးသည်တွေ ခေတ္တ နားခိုရာမှာပဲ ဟောင်ကောင်က ရောက်လာပြီးကတည်းက ၈ ရက်ကြာ ရှိနေတာလို့ ပြောပါတယ်။
XS
SM
MD
LG