သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံ


ရုရှားနိုင်ငံ၊ မော်စကိုလေဆိပ်မှာ ဝီကီလိခ်စ်၊အဖွဲ့က ဆာရာ ဟာရီဆွန်နဲ့အတူ သတင်းစာရှင်းလင်းပွဲကျင်းပနေတဲ့ Edward Snowden (လယ်)၊ (ဇူလိုင် ၁၂၊ ၂၀၁၃)
ရုရှားနိုင်ငံ၊ မော်စကိုလေဆိပ်မှာ ဝီကီလိခ်စ်၊အဖွဲ့က ဆာရာ ဟာရီဆွန်နဲ့အတူ သတင်းစာရှင်းလင်းပွဲကျင်းပနေတဲ့ Edward Snowden (လယ်)၊ (ဇူလိုင် ၁၂၊ ၂၀၁၃)
အမေရိကန် ထောက်လှမ်းရေးဌာန ဝန်ထမ်းဟောင်း Edward Snowden ဟာ သူအခုရောက်နေတဲ့ ရုရှားနိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ စနိုဒန်အနေနဲ့ အမေရိကန်ထောက်လှမ်းရေးဌာနရဲ့ လျှို့ဝှက် သတင်းအချက်အလက် စုဆောင်းတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဆက်လက် ထုတ်ဖော် ပြောဆိုခြင်းမလုပ်ရင် သူ့ကို ခိုလှုံခွင့်ပေးမယ်လို့ ရုရှားဘက်က အရိလက္ခဏာပြခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၃၀ အရွယ် စနိုဒန်က သူ့အဆိုအရ သူနိုင်ငံရေးခိုလှုံခွင့်မရနိုင်အောင် အမေရိကန်အစိုးရက ခြိမ်းခြောက်တဲ့ အပြုအမူတွေအကြောင်း ပြောကြားလိုတယ်လို့ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ရုရှား ရှေ့နေတွေကို ဖိတ်ကြားပြီး သူအခု ရောက်ရှိနေတဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့ လေဆိပ်မှာ တွေ့ဆုံနေပါတယ်။

အမေရိကန်အစိုးရက သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို ပြန်ရုပ်သိမ်းလိုက်တဲ့အတွက် သူ့အနေနဲ့ တခြားနိုင်ငံကို ထွက်ခွာသွားလို့ မရနိုင်တဲ့အတွက် ရုရှားနိုင်ငံမှာပဲ ဆက်နေလိုတဲ့အကြောင်း သတင်းတွေမှာ ကိုးကား ဖော်ပြနေကြပါတယ်။

လက်တင်အမေရိကန် သုံးနိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလား၊ ဘိုလီဗီးယားနဲ့ နိုင်ကွာရာဂွာနိုင်ငံံခေါင်းဆောင်တွေက Snowden ကို ခိုလှုံခွင့်ပေးမယ်လို့ ပြောကြပေမဲ့ သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို အမေရိကန်အစိုးရက ပြန်ရုပ်သိမ်းထားတဲ့အတွက် ရုရှားနိုင်ငံကထွက်ခွာဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ကိန်း ရှိနေတာပါ။

သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ရှေ့ဘာဆက်လုပ်မယ်ဆိုတာနဲ့ပတ်သက်လို့ သူအခုဖိတ်ထားတဲ့ အဖွဲ့အစည်းတွေကို ပြောပြမယ်လို့ Snowden က ပြောပါတယ်။ ဟောင်ကောင်ကျွန်းကနေ မော်စကိုမြို့ Sheremetyevo လေဆိပ်ကို ရောက်ပြီးနောက်ပိုင်း ရုရှားနိုင်ငံမှာ ခိုလှုံလိုကြောင်း ပြောခဲ့ပေမယ့် သူ့ဘက်က သတင်းအချက်အလက်တွေ ဆက်မထုတ်တော့ရင် ခိုလှုံခွင့်ပေးမယ်လို့ ရုရှားသမ္မတ Vladimir Putin က ပြန်ကြောင်းပြန်ခဲ့တာပါ။
XS
SM
MD
LG