ရုရှားနိုင်ငံ မော်စကိုလေဆိပ်ထဲမှာ ပိတ်မိနေတဲ့ အမေရိကန်ထောက်လှမ်းရေး ဌာန ဝန်ထမ်းဟောင်း Edward Snowden ဆီကနေ တရားဝင် ခိုလှုံခွင့်လျှောက်ထားမှု မရရှိဘူးလို့ ရုရှားအရာရှိတွေက ပြောပါတယ်။ Snowdan ဆီက ခိုလှုံခွင့်လျှောက်လွှာ မရရှိသေးဘူးလို့ ရုရှား ပြည်ထောင်စု ရွှေ့ပြောင်းနေထိုင်မှုဌာန အကြီးအကဲ Konstantin Romodanovsky က ပြောလိုက်ပါတယ်။
စနေနေ့က Kyrgyzstan နိုင်ငံက လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကလည်း အဲဒီလိုမျိုး ခပ်ဆင်ဆင်ပဲ ပြောသွားပြီး အဲဒီ အမေရိကန်ထောက်လှမ်းရေး ဌာန ဝန်ထမ်းဟောင်း မစ္စတာ Snowdan နဲ့ ရုရှား အစိုးရ အဆက်အသွယ်ရှိမနေပါဘူးလို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုက အမျိုးသားလုံခြုံရေးအဖွဲ့ရဲ့ ထိပ်တန်းလျှို့ဝှက်အချက်အလက်တွေကိ ု ဖောက်ချတယ်လို့ စွပ်စွဲခံထားရတဲ့ မစ္စတာ Snowdan ဟာ မော်စကိုမြို့တော်က လေယာဉ်ခရီး တထောက်နားခန်းမမှာ လက်ရှိ ရှိနေပြီး၊ အမေရိကန်အရာရှိတွေက သူ့ရဲနိုင်ငံကူး လက်မှတ်ကို ပယ်ဖျက်လိုက်လို့ ရှေ့ခရီးအလားအလာ အရေမရာနဲ့နေ နေရတာ သီတင်း ၃ ပတ်တောင်ရှိပါပြီ။
သောကြာနေ့ကတော့ မစ္စတာ Snowdan ဟာ လေဆိပ်ထဲမှာ လူ့အခွင့်အရေးအဖွဲ့တွေ နဲ့ တွေ့ဆုံခဲ့ပြီး တောင်အမေရိကတိုက်ကို ခရီးထွက်ခွင့်ရတဲ့အထိ ရုရှားနိုင်ငံမှာ ယာယီခိုလှုံခွင့်ရဖို့ လျှောက်ထားတယ်လို့ ပြောသွားပါတယ်။ တောင်အမေရိကနိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ ဘိုလီးဗီးယား (Bolivia)၊ နီကာရာဂွာ (Nicaragua) နဲ့ ဗင်နီဇွဲလား (Venezuela) နိုင်ငံတွေက သူ့ကို ခိုလှုံခွင့်ပေးမယ်လို့ ပြောထားတာပါ။
Edward Snowden ကို လူ့အခွင့်အရေးအဖွဲ့တွေ နဲ့ တွေ့ဆုံခွင့် ပြုလိုက်တဲ့အတွက် ရုရှားနိုင်ငံကို အမေရိကန်အစိုးရ က ပြစ်တင် ဝေဖန်ထားပါတယ်။ စနိုဒန် ဝါဒဖြန့်ချိခွင့်ရအောင် ရုရှားအစိုးရ စင်တင်ပေးလိုက်တဲ့ အဲဒီလုပ်ရပ်ဟာ ဒီကိစ္စမှာ ဘက်မလိုက်ပါဘူးလို့ ရုရှားအစိုးရရဲ့ ပြောဆိုမှုတွေနဲ့ ဖီလာ ဆန့်ကျင်နေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jay Carney က သောကြာနေ့မှာ ပြောသွားခဲ့ပါတယ်။
စနေနေ့က Kyrgyzstan နိုင်ငံက လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကလည်း အဲဒီလိုမျိုး ခပ်ဆင်ဆင်ပဲ ပြောသွားပြီး အဲဒီ အမေရိကန်ထောက်လှမ်းရေး ဌာန ဝန်ထမ်းဟောင်း မစ္စတာ Snowdan နဲ့ ရုရှား အစိုးရ အဆက်အသွယ်ရှိမနေပါဘူးလို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုက အမျိုးသားလုံခြုံရေးအဖွဲ့ရဲ့ ထိပ်တန်းလျှို့ဝှက်အချက်အလက်တွေကိ