သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေစွမ်းအင်သုံးလေယာဉ်ကို လူကိုယ်တိုင်မောင်းနှင်ပျံသန်း


နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို စမ်းသပ်မောင်းနှင်နေစဉ်။
နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို စမ်းသပ်မောင်းနှင်နေစဉ်။
အမေရိကန်ပြည်ထောင်စုမှာ ဆွစ်ဇာလန်နိုင်ငံသား လေယာဉ်မှူးတယောက်က နေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြုတဲ့ လေယာဉ်ငယ်တစီးကို ပထမဆုံးအကြိမ် မှောင်းနှင်ပြီး အနောက်အလယ်ပိုင်း အယ်ရီဇိုးနားပြည်နယ်၊ Phoenix မြို့ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဉ်မှူး Bertrand Piccard ဟာ ပထမဆုံးအကြိမ် လူကိုယ်တိုင် မောင်းနှင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ဒေသစံတော်ချိန် ည သန်းခေါင်အချိန် လုံး၀ မှောင်မိုက်နေတဲ့အချိန်မှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ကို နေ့ရောညပါ မောင်းနှင်လို့ရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းကနေ အယ်ရီဇိုးနားပြည်နယ် Phoenix မြို့အထိ ပျမ်းမျှ တနာရီ မိုင်သုံးဆယ်နှုန်းနဲ့ နာရီနှစ်ဆယ်ကြာ ပျံသန်းခဲ့တာဖြစ်ပါတယ်။

လေယာဉ်မှူး Bertrand Piccard နဲ့ ဒုလေယာဉ်မှူး Andre Borschberg တို့ဟာ လေယာဉ်ကို တလှည့်စီမောင်းကြဖို့ စီစဉ်ထားပြီး ရှေ့လမှာ နယူးယောက်မြို့ကို အရောက်ပျံသန်းကြမှာ ဖြစ်ပါတယ်။ ခရီးစဉ်တလျှောက် Phoenix မြို့၊ Texas ပြည်နယ် Dallas မြို့၊ St. Louis မြို့နဲ့ ဝါရှင်တန်မြို့တော်တွေမှာလည်း ရပ်နားဖို့ရှိပါတယ်။

အဲဒီလေယာဉ်ရဲ့အတောင်ပံဟာ ၇၄၇ ဂျက်လေယာဉ်တောင်ပံအတိုင်း အလျား အရှည်ရှိပေမဲ့ အလေးချိန်ကတော့ ဆလွန်းကားတစီးရဲ့ အလေးချိန်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ လေယာဉ်ကနေ နေရောင်ခြည်စွမ်းအင်ကို စုစည်းပြီး ဘက်ထရီတွေနဲ့ သိမ်းဆည်းထားတာဖြစ်လို့ နေ့ရောညပါ မောင်းနှင်နိုင်ပါတယ်။ ဒါပေမဲ့ လေယာဉ်ဟာ အမြန်ဆုံး တနာရီကို ၄၂ မိုင်နှုန်းနဲ့သာ မောင်းနှင်နိုင်သလို မကြာခဏ ရပ်နားရပြီး လေယာဉ်မှူးတယောက်နဲ့ ခရီးသည်တယောက်သာ လိုက်ပါနိုင်တာဖြစ်ပါတယ်။
XS
SM
MD
LG