သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေစွမ်းအင်လေယာဉ် ဟာဝိုင်ယီ မှာ ဆင်းသက်


နေစွမ်းအင်လေယာဉ် ဟာဝိုင်ယီ မှာ ဆင်းသက် (ဇူလိုင် ၃၊ ၂၀၁၅)
နေစွမ်းအင်လေယာဉ် ဟာဝိုင်ယီ မှာ ဆင်းသက် (ဇူလိုင် ၃၊ ၂၀၁၅)

နေရောင်ခြည် စွမ်းအင်သက်သက်နဲ့ မောင်းနှင်ပျံသန်းတဲ့ ဆွစ်ဇာလန် ဆိုလာလေယာဉ်ဟာ သောကြာနေ့ ဒေသစံတော်ချိန် မနက် ၆ နာရီက ဟာဝိုင်ယီကျွန်းမှာ ရောက်သွားပြီဖြစ်တာကြောင့် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီးတော့ စံချိန်တင် ပျံသန်းတဲ့ခရီးစဉ် အဆုံး သတ်သွားပါပြီ။ ကမ္ဘာတဝန်း ကီလိုမီတာပေါင်း ၃ သောင်းခွဲကို လောင်စာဆီ လုံးဝမသုံးပဲ ပတ်ပြီးတော့ ပျံသန်းခဲ့တာပါ။

လေယာဉ်မှူး Andre Borschberg ဟာ Solar Impulse 2 (Si2) လေယာဉ်ကို နာရီ ၁၂၀ ကြာ ပျံသန်းခဲ့တာကြောင့် အမေရိကန် စွန့်စားသူ Steve Fossett က သူ့အရင် တင်ထားတဲ့ တဦးတည်း အချိန်အကြာဆုံး လေယာဉ်မောင်းတဲ့စံချိန်ကို ချိုးလိုက်တာပါ။ Steve Fossett က အထူးပုံစံထုတ် တည်ဆောက်ထားတဲ့ ဂျက်လေယာဉ်နဲ့ ၇၆ နာရီကြာ ကမ္ဘာပတ် ပျံသန်းခဲ့ပါတယ်။

Borschberg ဟာ လေယာဉ်ပျံသန်းနေချိန်အတွင်း လေယာဉ်ကို အလိုအလျောက် မောင်းနှင်စနစ်နဲ့ မောင်းထားပြီးတော့ ဖိအား မဲ့အောင်လုပ်ထားတဲ့ လေယာဉ်မောင်းခန်းထဲမှာ မိနစ် ၂၀ ကြာ ခေတ္တခန အနားယူ အိပ်ပါတယ်။

Si2 လေယာဉ်ဟာ စီစဉ်ထားတာမဟုတ်ဘဲနဲ့ တလကြာ ရပ်နေခဲ့ရပြီးတဲ့နောက် တနင်္လာနေ့က ဂျပန်နိုင်ငံ၊ နာဂိုယာလေဆိပ် ကနေ ပျံသန်း ထွက်ခွာခဲ့တာပါ။ တရုတ်နိုင်ငံအရှေ့ပိုင်း နန်ကျင်းမြို့ကနေ ဟာဝိုင်ယီကို ဇွန်လအစောပိုင်းက ပျံသန်းတာမှာ ရာသီဥတုဆိုးရွားတာကြောင့် နာဂိုယာလေဆိပ်ကို လမ်းကြောင်းပြောင်းပြီး ပျံသန်းခဲ့ရတာပါ။

ဟာဝိုင်ယီကနေ အရီဇိုးနားပြည်နယ်၊ ဖီးနစ်က်စ်မြို့အထိ နောက်ခရီးစဉ်ကိုတော့ ဆွစ်ဇာလန် စွန့်စားသူ Bertrand Piccard က မောင်းနှင် ပျံသန်းမှာဖြစ်ပါတယ်။ အဲဒီကနေ အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး ခရီးစဉ်အဆုံးသတ်မယ့် အာရပ်ဘ်စော်ဘွားများ ပြည်ထောင်စု၊ Abu Dhabi လေဆိပ်ကို ဆက်ပြီး ပျံသန်းမှာဖြစ်ပါတယ်။

XS
SM
MD
LG