သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေစွမ်းအင်သုံး ရေစစ်


Antibiotics ပဋိဇီဝဆေးတွေလို ကင်ဆာရောဂါဖြစ်စေတဲ့ ဓာတု ပစ္စည်းတွေ နဲ့ ဆေးဝါးတွေဟာ အမေရိကန်ပြည်ထောင်စု က ရေကန်ကြီးတွေ၊ မြစ်တွေ နဲ့ ရေသန့်ထုတ်လုပ်တဲ့နေရာတွေ အများအပြားမှာ ရောက်ရှိနေပါတယ်။

ဒီရေတွေထဲကနေ ပဋိဇီဝဆေးတွေနဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ကာဆီနိုဂျင် ၄၀ ရာခိုင်နှုန်းလောက်ကို ကာဗွန်ရေစစ်တွေ တပ် ဆင်ပြီးတော့ စစ်ထုတ်နိုင် ပါတယ်။ ဘက်တီးရီးယားက ထုတ်လုပ်တဲ့ ပရိုတိန်းဓာတ်နှစ်မျိုးနဲ့ ထုတ်လုပ် ထားတဲ့ နေရောင်ခြည် စွမ်းအင် သုံး ရေစစ်သေးသေးလေးတခုဟာ ညစ်ညမ်း ပစ္စည်းတွေရဲ့ ၅၀ % နှုန်းကျော်ကို စစ်ထုတ်ဖယ်ရှား နိုင်ပါတယ်။

ဒါ့အပြင် စင်စီနတီ (Cincinnati) တက္ကသိုလ်က အဖွဲ့တခုက ဖန်တီးထားတဲ့ ဒီ ရေစစ်ဟာ သူတို့ စုပ်ယူရရှိတဲ့ ပဋိဇီဝဆေးတွေကို ပြန်ပြီး အသုံးပြုနိုင်အောင် လည်း ပြန် ထုတ်လုပ်ပေးနိုင်ပါတယ်။

ပဋိဇီဝဆေးတွေနဲ့ ဓာတုပစ္စည်းတွေဟာ မိလ္လာပိုက်လိုင်းတွေနဲ့ လယ်တွေ ခြံမြေတွေက လာတဲ့ ပိုက်လိုင်းတွေကနေ တဆင့် မြစ်တွေ ချောင်းတွေ ထဲကို ရောက်လာတာဖြစ်ပါတယ်။

ဒီဓာတုပစ္စည်းတွေဟာ တော်ရုံတန်ယုံ မသေနိုင်တဲ့ ပိုးမွှားတွေကို မွေး ဖွားပေးပြီးတော့ အထောက်အကူဖြစ်စေတဲ့ အဏုဇီ၀ ရုပ်တွေကို သေစေတဲ့ အတွက်ကြောင့် ရေကြောင်းဂေဟစနစ်၊ သဘာဝနဲ့ သဟဇာတဖြစ်မှုကို အနှောက်အယှက် ဖြစ်စေတာပါ။

ဒီ အညစ်အကြေးစစ်ထုတ်တဲ့ ရေစစ်ကို တီထွင်သူတဦးဖြစ်တဲ့ သဘာ၀ ပတ် ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ David Wendell ကတော့ အခုတီထွင်မှုက သဘာဝပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေပြီး ဈေးသက်သက် သာသာ နဲ့ ရေမျက်နှာပြင် ပေါ်က ပဋိဇီဝတွေကို စုပ်ယူတာ၊ ဒီ ပဋိဇီဝတွေ ပြန်လည် အသုံးဝင်လာအောင် လုပ်နိုင်တဲ့နည်းလို့ ပြောပါတယ်။

အခု တီထွင်လိုက်တဲ့ ရေစစ်ကိရိယာအကြောင်းနဲ့ လက်တွေ့စမ်းသပ်မှုတွေ အကြောင်း အသေးစိတ်ကို Nano Letters ဂျာနယ်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG