သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဝတူချင်း သစ္စာဖောက်တဲ့ ဆိုမာလီ သတင်းထောက် သေဒဏ်


အယ်လ်ရှာဘတ် စစ်သွေးကြွတွေကို အကူအညီပေးခဲ့သူ သတင်းထောက်ဟောင်း Hassan Hanafi Haji ။ ( မတ်လ ၃၊ ၂၀၁၆)
အယ်လ်ရှာဘတ် စစ်သွေးကြွတွေကို အကူအညီပေးခဲ့သူ သတင်းထောက်ဟောင်း Hassan Hanafi Haji ။ ( မတ်လ ၃၊ ၂၀၁၆)

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှုးမြို့တော်မှာ သတင်းထောက် ၅ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွတွေကို အကူအညီပေးခဲ့သူ သတင်းထောက်ဟောင်း တဦးကို မိုဂါဒစ်ရှုးမြို့က စစ်ခုံရုံးက သေဒဏ်စီရင်ချက် ချမှတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်အတွင်း Hassan Hanafi Haji ဟာ သတင်းထောက်တွေထဲက ပစ်မှတ်ထားရမယ့် သူတွေကို ရှာဖွေပြီး စစ်သွေးကြွတွေကို အကူအညီပေးခဲ့ကြောင်း တရားရုံးရဲ့ စီရင်ချက်က ဖော်ပြ ထားပါတယ်။

သတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်နေကြောင်း အထောက်အထားတွေက သက်သေပြ နိုင်ခဲ့တယ် လို့လည်း ဆိုမာလီစစ်ခုံရုံး သဘာပတိဖြစ် သူ Mohamed Shute က ပြောပါတယ်။ အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့ဝင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သလို၊ သတင်းသမားတွေကို သတ်ဖြတ်ဖို့ ပစ်မှတ်ထားရာမှာ အကူအညီပေးခဲ့တာကို နောက်ပိုင်းမှာ သိရှိခဲ့ရတယ် လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့လထဲ အစိုးရရေဒီယိုနဲ့ မေးမြန်းခန်းအတွင်းမှာတော့ Hanafi ဟာ သတ်ဖြတ်မှု တချို့မှာ ပါဝင်ကြောင်း ဝန်ခံခဲ့သလို၊ ပစ်မှတ်ထားရမယ့် သူတွေရဲ့ အမည်တွေ တင်မက - ဘယ်နေရာမှာ ရှိနိုင်တယ်ဆိုတာတွေကိုပါ စစ်သွေးကြွတွေကို သတင်းပေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG