သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရေလုပ်သား ၄ ဦး ဆိုမာလီ ပင်လယ်ဓါးပြ ပြန်လွှတ်


ဆိုမာလီပင်လယ်ဓားပြတစ်ဦး။
ဆိုမာလီပင်လယ်ဓားပြတစ်ဦး။

ဆိုမာလီ ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲပြီး ၅ နှစ်ကြာဖမ်းဆီးတာ ခံခဲ့ရတဲ့ ထိုင်းငါးဖမ်း သင်္ဘောသား ၄ ယောက်ကို အခုနောက်ဆုံး ပြန်လွှတ်ပေး လိုက်ပါတယ်။ ပြန်ပေးဆွဲခံရသူတွေ ပြန်လည် လွတ်မြောက် လာတာကိုတော့ ဆိုမာလီယာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် နီကိုးလတ်စ် ကေ (Nicholas Kay) က သောကြာနေ့မှာ အတည်ပြုခဲ့သလို၊ ကြိုဆိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

၂၀၁၀ ဧပြီလကတည်းက ဆိုမာလီ ပင်လယ်ဓားပြတွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ ထိုင်းသင်္ဘောသားတွေဟာ ပြန်ပေးဆွဲ ခံရသူတွေထဲမှာ အချိန်အကြာဆုံး အဖမ်းခံခဲ့ကြရတာပါ။

ကုလသမဂ္ဂကတော့ - ဆိုမာလီ ပင်လယ်ဓားပြတွေကနေ ဆက်ပြီး ဖမ်းဆီးထားသူ - ၂၆ ယောက် ကျန်နေဆဲဖြစ်ပြီး၊ ဒီလူတွေ အားလုံးဟာလည်း ၂၀၁၂ ခုနှစ် မတ်လက အိန္ဒိယသမုဒ္ဒရာတွင်းမှာ စီးနင်းပြန်ပေးဆွဲခံခဲ့ရတဲ့ Oman နိုင်ငံမှတ်ပုံတင် FV Naham (နာဟမ်) သင်္ဘောက ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG