သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိကရောက် ဆူဒန်သမ္မတကို ဖမ်းပေးဖို့ ICC လိုလား


နိုင်ငံတကာရာဇဝတ်ခုံရုံးက အလိုရှိနေတဲ့ ဆူဒန်သမ္မတ Omar Hassan al-Bashir
နိုင်ငံတကာရာဇဝတ်ခုံရုံးက အလိုရှိနေတဲ့ ဆူဒန်သမ္မတ Omar Hassan al-Bashir

Johannesburg မှာကျင်းပတဲ့ အာဖရိကသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်နေတဲ့ ဆူဒန်သမ္မတ Omar al-Bshir ကို တောင်အာဖရိကနိုင်ငံအနေနဲ့ ဖမ်းဆီးထိန်းသိမ်းပေးဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က လိုလားနေပါတယ်။

မစ္စတာ Bashir ကို ဖမ်းဆီးထိန်းသိမ်းဖို့ ဖမ်းဝရမ်းနှစ်ခုရှိထားတယ်လို့ ICC က ပြောပါတယ်။ ၂ဝဝ၃ ခုနှစ်အတွင်း Darfur မှာ ဖြစ်ပွါးခဲ့တဲ့ လက်နက်ကိုင် အုံကြွမှုတခုကို နှိမ်နင်းဖို့ အာရပ်စစ်သွေးကြွတွေကို ထောက်ပံ့ပေးခဲ့ပြီး စစ်တပ်ကို စေလွှတ်ခဲ့တာကြောင့်စစ်ရာဇဝတ်မှု၊ နောက် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတဲ့စွဲချက်တွေနဲ့ သူ့ကို တရားစွဲဆိုထားတာပါ။

အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ အဲဒီဒေသမှာ စစ်ပွဲကြောင့် လူပေါင်းသုံးသိန်းလောက် အသတ်ခံရပြီး ဒုက္ခသည်အရေအတွက် နှစ်သန်းကျော်ထိ ရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အဲဒီလို ဘေးဒုက္ခအန္တရာယ် ကျရောက်ခဲ့သူအများစုဟာ သာမန်အရပ်သားတွေပါ။

နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ကို အမြဲ အားဖြည့်ဆောင်ရွက်ပေးနေကြဖြစ်တဲ့ တောင်အာဖရိကနိုင်ငံအနေနဲ့ အခုလည်းပဲ ဆူဒန်သမ္မတ Bashir ကို ဖမ်းဆီးနိုင်ဖို့ အရေးမှာ မဆိုင်းမတွကူညီဆောင်ရွက်ပေးသင့်တယ်လို့ ICC ဥက္ကဋ္ဌ Sidiki Kaba က ပြောပါတယ်ခင်ဗျာ။

XS
SM
MD
LG