နိုင်ငံတကာ

တောင်အာဖရိက မိုင်းလုပ်သား ၃၄ ဦးသေဆုံးမှု လူထုဆန္ဒပြ

x

မီဒီယာ

အသံ
TEXT SIZE - +
ဗွီအိုအေ (မြန်မာဌာန
တောင်အာဖရိက နိုင်ငံမှာ ဆန္ဒပြတဲ့ မိုင်း အလုပ်သမားတွေကို ရဲက ပစ်လို့ လူပေါင်း ၃၄ ယောက် သေဆုံးသွားရတဲ့ နေရာနားမှာ လူထောင်ပေါင်းများစွာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ Johannesburg မြို့ အနောက်မြောက်ဘက် Marikana မြို့နယ်မှာ လူထု ဟောပြောပွဲတွေ ကျင်းပခဲ့ပြီး ဆန္ဒပြသူတွေက တေးသီချင်းတွေ သီဆို ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။

အာဏာပိုင်တွေကတော့ ကြာသပတေးနေ့ ပစ်ခတ်မှုကို ဆက်ပြီး စုံစမ်းနေပါတယ်။  သပိတ်မှောက် ဆန္ဒပြသူတွေက အသက်အန္တရာယ်ပေးစေနိုင်တဲ့ လက်နက်တွေနဲ့ ကြာသပတေးနေ့ တုန်းက တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က အင်အားသုံးပြီး ပြန်လည် ခုခံခဲ့ရတာ ဖြစ်တယ်လို့ ရဲချုပ် မစ္စရီယာ ဖီယေးဂျား (Riah Phiyega) က သောကြာနေ့မှာ ပြောဆိုပါတယ်။

ဒီမိုင်းအလုပ်သမားတွေရဲ့ဆန္ဒပြပွဲအတွင်း လူပေါင်း ၇၈ ဦး ဒဏ်ရာ ရရှိသွားပြီး လူပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ သတင်းမကြားရသူတွေရဲ့ မိသားစုတွေကတော့ သူတို့သေလား ရှင်လား မသိရတဲ့အတွက် စိတ်ပူနေကြပါတယ်။

နေ့စဉ်တီဗွီသတင်းလွှာ (၀၆-၂၀ -၂၀၁၃)

Loading
๑๒:๐๐:๐๐ / -:--:--
ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က  မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဆောင်ရွက်ချက်တွေကို ပြန်လည်ရုပ်သိမ်းလိုက်တာ၊ မြန်မာတိုင်းရင်းသားဒုက္ခသည်တွေကို မြန်မာနိုင်ငံမှာ ပြန်လက်ခံဖို့ မြန်မာအစိုးရက စိတ်ဝင်စားမှုရှိပေမယ့်၊ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက်တော့ ဘာမှ အစီအစဉ်အတိအကျ မရှိသေးတာ၊ဒေါ်အောင်ဆန်းစုကြည် ၆၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်အကြောင်း ...

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Loading
๑๒:๐๐:๐๐ / -:--:--