သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိက မိုင်းလုပ်သား ၃၄ ဦးသေဆုံးမှု လူထုဆန္ဒပြ


တောင်အာဖရိက နိုင်ငံမှာ ဆန္ဒပြတဲ့ မိုင်း အလုပ်သမားတွေကို ရဲက ပစ်လို့ လူပေါင်း ၃၄ ယောက် သေဆုံးသွားရတဲ့ နေရာနားမှာ လူထောင်ပေါင်းများစွာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ Johannesburg မြို့ အနောက်မြောက်ဘက် Marikana မြို့နယ်မှာ လူထု ဟောပြောပွဲတွေ ကျင်းပခဲ့ပြီး ဆန္ဒပြသူတွေက တေးသီချင်းတွေ သီဆို ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။

အာဏာပိုင်တွေကတော့ ကြာသပတေးနေ့ ပစ်ခတ်မှုကို ဆက်ပြီး စုံစမ်းနေပါတယ်။ သပိတ်မှောက် ဆန္ဒပြသူတွေက အသက်အန္တရာယ ်ပေးစေနိုင်တဲ့ လက်နက်တွေနဲ့ ကြာသပတေးနေ့ တုန်းက တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က အင်အားသုံးပြီး ပြန်လည် ခုခံခဲ့ရတာ ဖြစ်တယ်လို့ ရဲချုပ် မစ္စရီယာ ဖီယေးဂျား (Riah Phiyega) က သောကြာနေ့မှာ ပြောဆိုပါတယ်။

ဒီမိုင်းအလုပ်သမားတွေရဲ့ဆန္ဒပြပွဲအတွင်း လူပေါင်း ၇၈ ဦး ဒဏ်ရာ ရရှိသွားပြီး လူပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ သတင်းမကြားရသူတွေရဲ့ မိသားစုတွေကတော့ သူတို့သေလား ရှင်လား မသိရတဲ့အတွက် စိတ်ပူနေကြပါတယ်။
XS
SM
MD
LG