သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားနှစ်နိုင်ငံ ကိုယ်စားလှယ်တွေ စစ်မဲ့ဇုန်မှာတွေ့


တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Kim Song Hye (လယ်)၊ မြောက်ကိုရီးယား ကိုယ်စားလှယ်တို့ တောင်နဲ့မြောက် ပိုင်းခြားထားသော စစ်မဲ့ဇုန်နယ်မြေစည်းကို မဖြတ်ခင် နှုတ်ဆက်နေကြစဉ်။ (ဇွန်လ ၉ ရက်၊ ၂၀၁၃။)
တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Kim Song Hye (လယ်)၊ မြောက်ကိုရီးယား ကိုယ်စားလှယ်တို့ တောင်နဲ့မြောက် ပိုင်းခြားထားသော စစ်မဲ့ဇုန်နယ်မြေစည်းကို မဖြတ်ခင် နှုတ်ဆက်နေကြစဉ်။ (ဇွန်လ ၉ ရက်၊ ၂၀၁၃။)
တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံကြားက စစ်မဲ့ဇုန်ဖြစ်တဲ့ Panmunjom မြို့မှာနှစ်နိုင်ငံက ကိုယ်စားလှယ်တွေ ဒီကနေ့တွေ့ဆုံကြပါတယ်။ လာမဲ့ ဗုဒ္ဓဟူးနေ့ကျရင် ဆိုးလ်မြို့တော်မှာ နှစ်ဘက်ဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးကြဖို့ အတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ သတ်မှတ်ချက်တွေ အတွက်ကို နှစ်ဘက် ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မနက်ပိုင်းမှာ တောင်နဲ့မြောက်ကိုယ်စားလှယ်တွေ ၄၅ မိနစ်လောက် ပထမတခေါက်တေ့ွခဲ့ကြပြီး နေ့လည်ပိုင်းမှာ ဆက်တိုက် ဆွေးနွေးမှုတွေ လုပ်နေကြပါတယ်။ မနက်ပိုင်းက ဆွေးနွေးပွဲကို အေးအေးဆေးဆေး ဆွေးနွေး နိုင်ခဲ့ကြသလို ကြီးကြီးကျယ်ကျယ် အခြေအတင်မဖြစ်ဘဲ ဆွေးနွေးနိုင်ခဲ့တယ် လို့ တောင်ကိုရီးယားဘက်က ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ပြောခွင့်ရသူ Kim Hyung-Seok ကသတင်းထောက်တွေကိုပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကျရင် ဘာတွေ ဆွေးနွေးလိုသလဲ ဆိုတာတွေကို ကိုယ်စားလှယ်တွေကတဆင့် ပြောပြခဲ့တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံပေါင်း ပြီး ပြုလုပ် ထားတဲ့ Kaesong စက်မှုဇုန် ပြန်လည် ဖွင့်လှစ်နိုင်ရေးဆွေးနွေးပွဲတွေ လုပ်မယ်လို့ မြောက်ကိုရီးယားဘက်က ပြီးခဲ့တဲ့ ကြာသာပတေးန့မှာ မထင်မှတ်ဘဲ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံထဲမှာရှိတဲ့ Kumgang အပန်းဖြေနေရာကို တောင် ကိုရီးယားတွေကို ပြန်လည်လာရောက် လည်ပတ်ခွင့်ပေးဖို့ ဆွေးနွေးမယ် လို့လည်း မြောက်ကိုရီးယားအစိုးရက အဆိုပြုခဲ့ပါတယ်။
XS
SM
MD
LG